နားရောဂါ လူနာ ၄၀၀ ဦး ကို ၃ ရက်အကြာ အခမဲ့ကုသပေးနေ

နားရောဂါ လူနာ ၄၀၀ ဦး ကို ၃ ရက်အကြာ အခမဲ့ကုသပေးနေ
by -
စိုးရယ်
IPRD Loikaw(photo: လွိုင်ကော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန)
IPRD Loikaw(photo: လွိုင်ကော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန)

ကယားပြည်နယ်အတွင်းရှိ နားရောဂါဝေဒနာရှင် လူနာ(၄ဝဝ)ဦးကို လွိုင်ကော်ပြည်သူ့ဆေးရုံတွင် အခမဲ့ကုသပေးနေသည်။

အဆိုပါ ‘‘နားအကြားအာရုံရောဂါ”ကုသမှုကို အစီအစဉ်တစ်ရပ်အနေဖြင့် မတ်လ ၂၆ ရက်နေ့မှ ၂၈ နေ့အထိ ၃ ရက်တာ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

‘‘နားအကြားအာရုံရောဂါ” ကုသမှု အစီအစဉ်ကို မြန်မာနှင့် ထိုင်း သံတမန်ဆက်ဆံမှု ထူထောင်ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ်  ပြုလုပ်ရခြင်းဖြစ်သည်။

‘‘နားအာကြားအာရုံရောဂါ”အစီအစဉ်ကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ခွဲစိတ်ကုသပြီး မတ်လ ၂၆ ရက်နေ ့မှစ၍ ကုသပေးနေသည်ဟု သိရသည်။

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှ Dr.Soontom Antarasena ခွဲစိတ်ဆရာဝန်ကြီးနှင့် အဖွဲ့၊ မယ်ဟောင်ဆောင်ခရိုင်ဝန်Mr.SuebsakEaimvijarn၊ထိုင်း TBC(မယ်ဟောင်ဆောင်)ဥက္ကဌ ဗိုလ်မှူးကြီး ဝါရာတက်ဘွန်ရတို့ပါဝင်သော ထိုင်းနယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ကုသပညာဌာန၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ဆရာဝန်များအသီးသီးတို့က အားဖြည့်ပူးပေါင်း ဆောင်ရွက်ပြီး ထိုင်းနယ်လှည့်နားခွဲစိတ်ကုသရေးအဖွဲ့မှ ကယားပြည်နယ်တွင် ပထမဆုံး ဆောင်ရွက်ခြင်းပေးခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သတင်းရေးသားထားသည်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...