နားရောဂါ လူနာ ၄၀၀ ဦး ကို ၃ ရက်အကြာ အခမဲ့ကုသပေးနေ

နားရောဂါ လူနာ ၄၀၀ ဦး ကို ၃ ရက်အကြာ အခမဲ့ကုသပေးနေ
by -
စိုးရယ်
IPRD Loikaw(photo: လွိုင်ကော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန)
IPRD Loikaw(photo: လွိုင်ကော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန)

ကယားပြည်နယ်အတွင်းရှိ နားရောဂါဝေဒနာရှင် လူနာ(၄ဝဝ)ဦးကို လွိုင်ကော်ပြည်သူ့ဆေးရုံတွင် အခမဲ့ကုသပေးနေသည်။

အဆိုပါ ‘‘နားအကြားအာရုံရောဂါ”ကုသမှုကို အစီအစဉ်တစ်ရပ်အနေဖြင့် မတ်လ ၂၆ ရက်နေ့မှ ၂၈ နေ့အထိ ၃ ရက်တာ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

‘‘နားအကြားအာရုံရောဂါ” ကုသမှု အစီအစဉ်ကို မြန်မာနှင့် ထိုင်း သံတမန်ဆက်ဆံမှု ထူထောင်ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ်  ပြုလုပ်ရခြင်းဖြစ်သည်။

‘‘နားအာကြားအာရုံရောဂါ”အစီအစဉ်ကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ခွဲစိတ်ကုသပြီး မတ်လ ၂၆ ရက်နေ ့မှစ၍ ကုသပေးနေသည်ဟု သိရသည်။

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှ Dr.Soontom Antarasena ခွဲစိတ်ဆရာဝန်ကြီးနှင့် အဖွဲ့၊ မယ်ဟောင်ဆောင်ခရိုင်ဝန်Mr.SuebsakEaimvijarn၊ထိုင်း TBC(မယ်ဟောင်ဆောင်)ဥက္ကဌ ဗိုလ်မှူးကြီး ဝါရာတက်ဘွန်ရတို့ပါဝင်သော ထိုင်းနယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ကုသပညာဌာန၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ဆရာဝန်များအသီးသီးတို့က အားဖြည့်ပူးပေါင်း ဆောင်ရွက်ပြီး ထိုင်းနယ်လှည့်နားခွဲစိတ်ကုသရေးအဖွဲ့မှ ကယားပြည်နယ်တွင် ပထမဆုံး ဆောင်ရွက်ခြင်းပေးခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သတင်းရေးသားထားသည်။

Most read this week

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...