နိုင်ငံတော်သမ္မတနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ တစ်ရက်တည်းတွင်နုတ်ထွက်မှုဖြစ်ပေါ်

နိုင်ငံတော်သမ္မတနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ တစ်ရက်တည်းတွင်နုတ်ထွက်မှုဖြစ်ပေါ်
သမ္မတဦးထင်ကျော်နှင့် မွန်တိုင်းရင်းသားများ ဓါတ်ပုံအမှတ်တရရိုက်ကူးခဲ့စဉ်(photo: Nai Ko Thu)
သမ္မတဦးထင်ကျော်နှင့် မွန်တိုင်းရင်းသားများ ဓါတ်ပုံအမှတ်တရရိုက်ကူးခဲ့စဉ်(photo: Nai Ko Thu)

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်တို့ မတ်လ ၂၁ ရက်နေ့ တစ်ရက်တည်းတွင် နုတ်ထွက်မှုဖြစ်ပေါ်ခဲ့ကြောင်း အစိုးရပိုင် သတင်းဌာနများ ကြေညာချက်အရ သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက် အမှတ်၊ ၁/၂၀၁၈ ၁၃၇၉ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် (၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်) အရ နိုင်ငံတော်သမ္မတဦးထင်ကျော်သည် လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြောင့် ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့မှစ၍ နိုင်ငံတော်သမ္မတရာထူးက နုတ်ထွက်သွားပါသည်ဟု ရေးသားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၇၃) ပုဒ်မခွဲ (ခ)နှင့်အညီ လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတရာထူးကို အလုပ်လုပ်ရက် ခုနှစ်ရက်အတွင်း ဖြည့်ဆည်းနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ မတ်လ ၂၁ ရက်နေ့တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဥက္ကဌ ဦးဝင်းမြင့်၏ နုတ်ထွက်စာလွှာအား ဒုဥက္ကဌ ဦးတီခွန်မြတ် ဖတ်ကြားခဲ့သည်ကို  Hluttaw Channel နှင့် သတင်းဌာနအသီးသီးက ဖော်ပြကြသည်။

နိုင်ငံတော််သမ္မတအဖြစ်ရွေးချယ်ခံရန် ဦးဝင်းမြင့် နုတ်ထွက်လိုက်သည်ဟု ဝေဖန်သုံးသပ်မှုများရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။

လက်ရှိဒုသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ်တာဝန်ထမ်းဆောင်နေရပြီး ပြည်သူ့လွှတ်တော်ကို ဒုဥက္ကဌက ဦးဆောင်လျက်ရှိသည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...