ချင်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများအတွက် အမေရိကန်ဒေါ်လာ ၅ သန်းခွင့်ပြု

ချင်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများအတွက် အမေရိကန်ဒေါ်လာ ၅ သန်းခွင့်ပြု

ချင်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားထုတ် လုပ်ခြင်းနှင့်ဖြန့်ဖြူးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ၊ စက်မှုဇုန် တည်ထောင်ခြင်းလုပ်ငန်းများနှင့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများ အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ သန်း၊မြန်မာကျပ်ငွေ သန်း၆ဝဝဝအထိ အတည်ပြုမိန့် ထုတ်ပေးနိုင်ကြောင်း သိရသည်။

ချင်းပြည်နယ်ရင်းနှီးမြုှပ်နှံမှု ကော်မတီ၏ အစည်းအဝေးကို မတ် ၁၉ ရက်က ဟားခါးမြို့၊ အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ချင်းပြည်နယ် ဝန်ကြီးချုပ်က ချင်းပြည်နယ်အစိုးရအနေဖြင့် ဒေသဖွ့ံဖြိုးရေး၊ အလုပ်အကိုင်အခွင့်အ လမ်းနှင့် နည်းပညာရရှိရေးတို့ အတွက် ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်အားပေးဆောင် ရွက်နေပြီဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လွယ်ကူလျန်မြန်စွာ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ကူညီဆောင်ရွက်ပေးကြရန်ထည့်သွင်းပြောကြား ခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကို ၂၀၁၇ ခုနှစ်၊နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ မှတ်ပုံတင်ခွင့် လျှောက်ထားလာသည့် ကုမ္ပဏီ (၂၁)ခု ကို မှတ်ပုံတင်ခွင့်ပြုပေးခဲ့ပြီး ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လျှောက်ထားမှုနှင့် ခွင့်ပြုမှု မရှိသေးကြောင်း ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...