Lailun ဒေသ၌ သစ်ခွပန်းခူးသည့် ရဲမိသားစုဝင်အား လူငယ်အဖွဲ့ဖမ်းမိ

Lailun ဒေသ၌ သစ်ခွပန်းခူးသည့် ရဲမိသားစုဝင်အား လူငယ်အဖွဲ့ဖမ်းမိ

ချင်းပြည်နယ်၊ ဖလမ်းမြို့ Lailun ဒေသအတွင်း စိုက်ထားသည့်သစ်ခွပန်းများကို  ရဲမိသားစုဝင်သုံးဦးမှ ခူးယူနေကြောင်း သတင်းရရှိသဖြင့် ဖလမ်းလူငယ်များမှ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် သွားရောက်ဖမ်းစီးခဲ့ကြောင်း သိရသည်။

အဆိုပါ Lailun ဒေသသည် Chin Christian Institute Theology ကျောင်း၏ နယ်မြေပိုင်ဖြစ်ပြီး နှစ်စဉ် သစ်ခွပန်းများကို စိုက်ပျိုး ထိန်းသိမ်းထားသည့်နေရာဖြစ်သည်။

ဖလမ်းလူငယ်အဖွဲ့ (FMP) အတွင်းရေးမှူး Salai Sing Cung Luai က “CCIT ကျောင်းသားတွေက နေ့စဉ် duty လုပ်တော့ သူတို့က ကျွန်တော်တို့ကို အကြောင်းကြားပြီး ခူးတဲ့သူကို လိုက်ရှာပြီး သွားဖမ်းတယ်၊ နှစ်အိတ်ခူးကြတယ်၊ အစပိုင်းတော့ သူတို့က အစိုးနယ်ပိုင်ဆိုပြီး အပြောအဆိုတင်းတော့ ပြဿနာတက်တော့မလို့ပဲ။ နောက်တော့ သူတို့ကလည်း ကျွန်တော်တို့ မသိလို့ပါဆိုပြီး ပြန်တောင်းပန်လာတယ်၊ ကျွန်တော်တို့ကလည်း CCIT ကျောင်းအုပ်ကို ပြန်တောင်းပန်ခိုင်းတော့ သူတို့ကိုယ်တိုင် ပြန်တောင်းပန်တော့ ခွင့်လွှတ်ပေးလိုက်တယ်၊ နောက်နောင်မှာတော့ ခွင့်လွှတ်နိူင်မှာ မဟုတ်ဘူး” ဟု ပြောသည်။

သစ်ခွခူးယူသူများမှာ ရဲဝန်ထမ်းနှင့် သူ၏ဖခင်နှင့် သားတို့မှထူးယူခဲ့ခြင်းဖြစ်သည်။ ယင်း Lailun ဒေသတွင် ဖလမ်းလူငယ်များမှ ၂၀၁၀ ခုနှစ်ကတည်းက သစ်ခွပန်းများစိုက်ပျိုးခြင်း၊ အခြား ပရဟိတ အဖွဲ့အစည်းများမှလည်း စိုက်ကြကြောင်း သိရသည်။

Most read this week

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...