လမ်းပေါ်ထွက် တောင်းဆိုမှု ပေါ်ပေါက်ပြီးနောက် အလုပ်ဖြုတ်ခံရသူ အမျိုးသမီးများကို အလုပ်ပြန်ခန့်

လမ်းပေါ်ထွက် တောင်းဆိုမှု ပေါ်ပေါက်ပြီးနောက် အလုပ်ဖြုတ်ခံရသူ အမျိုးသမီးများကို အလုပ်ပြန်ခန့်

အမျိုးသမီးများ ၂၀၀ ကျော်မှ လမ်းပေါ်ထွက် တောင်းဆိုမှုများ ပေါ်ပေါက်ပြီးနောက် အလုပ်ဖြုတ်ခံရသူ အမျိုးသမီး အလုပ်သမား ၁၉ ဦးကို အလုပ်ပြန်ခန့်အပ်ရန် သဘောတူလိုက်ပြီဟု ရေထွက်လုပ်ငန်းကုမ္ပဏီတစ်ခု ဖြစ်သည့် Gallant Ocean မှ စက်ရုံမန်နေဂျာ ဦးကျော်လင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ သူတို့တောင်းဆိုတာပြေလည်သွားပါပြီ ခင်ဗျား။ အလုပ်ဖြုတ်ခံရတဲ့သူက ၂၀ ဦး မဟုတ်ပါ။ အခု ၁၉ ဦးပါ။ ၁၉ ဦးစလုံးကို ပြန်လည် အလုပ်ခန့်ဖို့ ကျွန်တော်တို့ သဘောတူလိုက်ပါပြီ။ အခုဘဲ အလုပ်သမားညွန်ကြားရေးဦးစီဌာနဲ့ အလုပ်ပြန်ခန့်ဖို့ သဘောတူ လက်မှတ်ရေးထိုးလိုက်ပါပြီ ” ဟု သူ ဦးကျော်လင်းက ပြောကြားသည်။

 ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၉ နာရီကျော်မှ စတင်ပြီး ရေထွက်လုပ်ငန်းကုမ္ပဏီတစ်ခု ဖြစ်သည့် Gallant Ocean မှ အမျိုးသမီး အလုပ်သမား ၂၄၀ ခန့်သည် သူတို့နှင့် ဘဝတူ အမျိုးသမီး ၁၉ ဦး အလုပ်ဖြုတ် ခံရသဖြင့် အလုပ်သမားညွန်ကြားရေးဦးစီဌာ(ရခိုင်ပြည်ရုံး) အထိ လမ်းလျှောက်ချီတာကာ အလုပ်သမများ အလုပ်ဖြုတ်ခံရမှု အပေါ် ညှိနှိုင်း ဆောင်ရွက်ပေးရန် တောင်းဆိုကြခဲ့သည်။

“ ကျွန်တော်တို့လည်း ဖြုတ်ချင်လို့ မဟုတ်ပါဘူး။ စက်ရုံလုပ်ငန်းကလည်း အရင်လို မလည်ပတ်တော့ တစ်ချို့ အလုပ်သမား အရေအတွက်က လျော့ရမယ် အနေအထားကို ရောက်လာပါတယ်။ သူတို့က လုပ်ခ သုံးလစာ လျော်ကြေးပေးရမယ် တောင်းဆိုတော့ ကျွန်တော်လည်း ဒီလို မထူးဘူးဆိုပြီး အလုပ်ပြန်ခန့်ဖို့ သဘောတူလိုက်တာပါ” ဟု မန်နေဂျာ ဦးကျော်လင်းက ပြောကြားသည်။

အလုပ်ဖြုတ်ပြီးမှ ပြန်လည် ခန့်အပ်ခံရသည့် အမျိုးသမီးများမှ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာ၊ ကျေးတော၊ ရွာသာယာ စသည့် ကျေးရွာများမှ မိန်းခလေးများ ဖြစ်ကြသည်ဟုသိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...