ကယားတွင် ဆိုင်ကယ်ခိုးသူ ၀ိုင်းရိုက်ခံရ၍ သေဆုံး

ကယားတွင် ဆိုင်ကယ်ခိုးသူ ၀ိုင်းရိုက်ခံရ၍ သေဆုံး
by -
ထျိုးမြာ

ကယားပြည်နယ်တွင် ဆိုင်ကယ်ခိုးရန် ကြိုးပမ်းသူ လူ ၁ ဦးအား ရွာသားများက အုပ်စုလိုက်ဝိုင်းရိုက်ခဲ့သည့်အတွက် သေဆုံးမှုဖြစ်ပွားခဲ့ပြီး ကျူးလွန်ခဲ့သူ ရာအိမ်မှူးအပါအဝင် ရွာသား ၂၆ ဦးကို ရာဇာသတ်ကြီးပုဒ်မဖြင့် အရေးယူရန် ဆောင်ရွက်နေသည်။

ကျူးလွန်ခဲ့သူ ၂၆ ဦးကို ဖေဖေါ်ဝါရီ ၄ ရက်နေ့တွင် လွိုင်ကော်ရဲစခန်းက အမှုဖွင့်ကာ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေသည်။ ဆိုင်ကယ်ခိုးယူရန် ကြိုးစားသူကို မင်္ဂလာဆောင်၌ ချက်ပြုတ်နေကြသော လူငယ်များမှ ဖမ်းဆီးပြီး ဝိုင်းဝန်းထိုးကြိတ်ရာက ဆေးရုံတွင် သေဆုံးသွားကြောင်း ရဲမှတ်တမ်းတွင် ဖေါ်ပြထားသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် နွားလဝိုးကျေးရွာအုပ်စု၊ ကယန်းကြခူကျေးရွာ ဦးထွန်းရယ်၏ နေအိမ်တွင် မင်္ဂလာဆောင်ပွဲပြုလုပ်နေစဉ် မင်္ဂလာဆောင်နေရာတွင် လူ ၁ ဦးက လာရောက်ခိုးယူရန် ကြိုးပမ်းနေစဉ် ပွဲတော်အတွက် ချက်ပြုတ်နေကြသော ရွာသားများက တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ရွာသားများက ဆိုင်ကယ်ခိုးရန်ကြိုးစားသူအား လိုက်လံဖမ်းဆီးရာ အဆိုပါ လူငယ်က ပြန်လည်ခုခံသဖြင့် ဝိုင်းဝန်းထိုးကြိတ်ခဲ့သည်။

ထိုးကြိတ်ခံရသူအား ကြိုးတုတ်ထားရာ သတိလစ်သွားသဖြင့် လွိုင်ကော်ပြည့်သူ့ဆေးရုံသို့ပို့ဆောင်ပြီး ဆေးကုသပေးခဲ့သော်လည်း ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လည်အချိန်တွင် ရရှိသော ဒဏ်ရာများဖြင့််် ဆေးရုံ၌ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ ဧရာဝတီတိုင်းဒေသကြီးတွင် နေထိုင်သူမောင်အောင်မြတ်ချို ဖြစ်သည်။ မောင်အောင်မြတ်ချိုသည် အခင်းဖြစ်ရာမှ ရရှိသော လည်ပင်းညိုမဲဒဏ်ရာ၊ နှာခေါင်းနှင့် နားတို့တွင် သွေးထွက်ဒဏ်ရာ၊ ရင်ဘတ်ပွန်းပဲဒဏ်ရာများဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေစဉ် သေဆုံးသွားသောကြောင့် အမှုအား ရာဇသတ်ကြီးပုဒ်မ ၃၂၅/ ၃၄ မှ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၄သို့ ပြောင်းလဲစစ်ဆေးလျက်ရှိပြီး အမှုစစ်ရဲအုပ်တင်မောင်လတ်မှ ဒုရဲမှူးဝင်းဌေးအား လွဲပြောင်းစစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လွိုင်ကော်မြို့မရဲစခန်းထံမှ သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...