ဖြစ်မြောက်နိုင်စွမ်းမရှိ၍ ပွန်ချောင်းရေအားလျှပ်စစ်စီမံကိန်း ၂ ခု ရုတ်သိမ်း

ဖြစ်မြောက်နိုင်စွမ်းမရှိ၍ ပွန်ချောင်းရေအားလျှပ်စစ်စီမံကိန်း ၂ ခု ရုတ်သိမ်း
by -
လင်းသန့်
နမ့်ပွန်မြစ်တလျှောက်တည်ဆောက်မည့် ရေကာတာများနှင့် စမ်းသပ်နေမှုများအပေါ် ဒေသခံလူထုများ ဆန္ဒထုတ်ဖော်ခဲ့စဉ်။
နမ့်ပွန်မြစ်တလျှောက်တည်ဆောက်မည့် ရေကာတာများနှင့် စမ်းသပ်နေမှုများအပေါ် ဒေသခံလူထုများ ဆန္ဒထုတ်ဖော်ခဲ့စဉ်။

၂၀၁၅ ခုနှစ်ကတည်းကစ၍ လေ့လာနေသော စမ်းသပ်တိုင်းတာမှုရလဒ်အရ ပွန်ချောင်းမြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းလျာထားရာ နေရာ ၂ ခုကို ဖြစ်မြောက်နိုင်စွမ်းမရှိသဖြင့် ယင်းအစီအစဉ်ကို ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

လေ့လာချက်အရ ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်း နမ့်ပွန်ချောင်းပေါ်ရှိ အထက်ဟော်ခမ်း (Upper Haw Khan ) လျှပ်စစ်စီမံကိန်း နှင့် အောက်နမ့်ပွန် (Lower Nam Pawn) လျှပ်စစ်စီမံကိန်းတို့ကို ဖြစ်မြောက်နိုင်စွမ်းဆိုင်ရာ လေ့လာတွေ့ရှိချက်အပေါ်အခြေခံကာ ဆက်လက်လုပ်ဆောင်တော့မည်မဟုတ်ပေ။

ယင်းစီမံကိန်းကို ရင်းနှီးမြှပ်နှံမည့် HTCT Energy Inverestment Co.Ltd က ဖေဖေါ်ရီ ၅ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရရုံးတွင် တွေဆုံခဲ့ပြီး အဆိုပါ လေ့လာစပ်သပ်မှုရလဒ်များကို အသိပေးရှင်းလင်းခဲ့ကြောင်း ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးတီရယ်က ကန္တာရဝတီတိုင်း(မ်)သို့ ဖေဖေါ်ဝါရီလ ၆ ရက်နေ့က အတည်ပြုပြောကြားသည်။

“သူတို့ လေ့လာပြီးတော့ မဖြစ်ဘူးလို့ ပြောတယ်။ ဒေသခံရွာသားတွေကိုလည်း အသေးစိတ်ထပ်ရှင်းပြဖို့ သူတို့လုပ်သွားမယ်တဲ့”ဟု ဝန်ကြီး ဦးတီရယ်က ပြောသည်။

နမ့်ပွန်ချောင်းတလျောက် ဖြစ်မြောက်နိုင်စွမ်းရှိမည့် ရေအားလျှပ်စစ်စီမံကိန်းများကို လေ့လာဆောင်ရွက်ရန် HTCT Energy Inverestment Co.Ltdက လျှပ်စစ်စွမ်းအားနှင့် စီမံရေးရာဌာနနှင့် ၂၀၁၅ အောက်တိုဘာလကတည်းက နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးခဲ့သည်။

အထက်ဟော်ခမ်း (Upper Haw Khan )လျှပ်စစ်စီမံကိန်းအား ဖြစ်မြောက်နိုင်စွမ်းဆိုင်ရာ လေ့လာမှုများ (Feasibility Study )နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နိုင်မှု ရှိ/မရှိအား သိရှိနိုင်ရန် (ESIA) လေ့လာဆောင်ရွက်နေစဉ် အတောအတွင်း၌လည်း ဘောလခဲမြို့နယ်ရှိ ဒေသခံများက ယင်းစီမံကိန်းတိုင်းတာမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

“မလုပ်တော့ဘူးဆိုရင် ကောင်းတာပေါ့”ဟု ဒေသခံဖြစ်သူ မောင်လွင်က မှတ်ချက်ပြုသည်။

ပွန်ချောင်းမြစ်ပေါ်တွင် ရေအားလျှပ်စစ်အတွက် စီမံကိန်း ၅ နေရာ လျားထားကာ ရှမ်းပြည်နယ်အတွင်း ၃ ခုနှင့် ယားပြည်နယ်အတွင်း ၂ ခုဖြစ်သည်။ ကယားပြည်နယ်အတွင်းရှိ ပွန်ချောင်းရေအားလျှပ်စစ်စီမံကိန်း ၂ ခုကို ပယ်ဖျက်လိုက်ပြီဖြစ်သော်လည်း ရှမ်းပြည်နယ်အတွင်း ပွန်ချောင်းမြစ်ပေါ်ရှိ ကျန်စီမံကိန်း ၃ ခုအား မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို မသိရှိရသေးပေ။

သို့သော် ဘောလခဲခရိုင် ရွာသစ်မြို့အနီး ဖြတ်သန်းစီးဆင်းသည့် သံလွင်ရေအားလျှပ်စစ်စီမံကိန်း(ရွာသစ်)ကိုမူ အစိုးရက လျှစ်စစ်ဆိုင်ရာမဟာဗျူဟာအစီအစဉ်၌ ၂၀၃၀ ခုနှစ်တွင် အပြီးဆောင်ရွက်သွားရန် စီမံကိန်းရေးဆွဲထားသည်။

ကယားပြည်နယ်အတွင်း ဘီလူးချောင်း အမှတ် (၁)၊ (၂)၊ (၃)ဟူ၍ ရေအားလျှပ်စစ်စီမံကိန်း ၃ ခု ရှိသည်။ ယင်းရေအားလျှပ်စစ်စီမံကိန်းမှ နှစ်စဉ် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၇၀၀ ကျော် ထုတ်လုပ်ပေးနေသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...