လိုပွါခိုခရိုင်အတွင်းရှိ ကျေးရွာအချို့မှာ ဖွံ့ဖြိုးရေးလုပ်ငန်းပြန်ဆောင်ရွက်ခွင့် KNPP ပြန်လည်ခွင့်ပြု

လိုပွါခိုခရိုင်အတွင်းရှိ ကျေးရွာအချို့မှာ ဖွံ့ဖြိုးရေးလုပ်ငန်းပြန်ဆောင်ရွက်ခွင့် KNPP ပြန်လည်ခွင့်ပြု
by -
မူအက်စတာ
KNPP ဒု-ဥက္ကဌခူဦးရယ် (ဓါတ်ပုံ- Kantarawaddy Times)
KNPP ဒု-ဥက္ကဌခူဦးရယ် (ဓါတ်ပုံ- Kantarawaddy Times)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က လိုပွါခိုခရိုင်အတွင်း ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ဆောင်နေသော INGOsနှင့် NGO အဖွဲ့အစည်းများကို ဇန်နဝါရီလ ၂၄ ရက်နေ့က ပြန်လည်လုပ်ဆောင်ခွင့်ပြုလိုက်ပြီးဖြစ

ယခင်က လှုံခြုံရေး အကြောင်းပြချက်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်နေသော အဖွဲ့အစည်းများကို ဒေသတွင်းမှ ထွက်ခွာပေးဖို့ ဒီဇင်ဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်စာတစောင် ထုတ်ပြန်ခဲ့သည်။

“အဓိက မိန်းလမ်းမကြီးဘေးမှာ ရှိတဲ့ရွာတွေမှာ လုပ်နေတဲ့ ပညာရေး၊ ကျန်းမာရေးစီမံကိန်းတွေက တဝက်တပျက်ဖြစ်နေတဲ့အတွက် ပြန်လုပ်ခွင့်ပြုလိုက်တာ ကျန်တဲ့နေရာတွေကတော့ နယ်မြေလုံခြုံမှုပေါ် မူတည်သေးတယ်ပေါ့ ”ဟု ကေအဲန်ပီပီအမှတ်(၁)ခရိုင် အုပ်ချုပ်ရေးမှူး ဦးဖိုးရယ်က ပြောသည်။

ထုတ်ပြန်ချက်ထဲတွင် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ အုပ်စု(၄)အုပ်စုဖြစ်သည့် (၁)ဒေါလာစောအုပ်စု (၂) ကေကောအုပ်စု၊ (၃) သိုသီးဖိုအုပ်စု၊ (၄) ရော်တခေါအုပ်စုအတွင်းတွင် ဆောင်ရွက်လျှက်ရှိသည့် ပညာရေး၊ ကျန်းမာရေးလုပ်ငန်းမှလွဲ၍ အခြားဖွ့ံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လိုပါက သက်ဆိုင်ရာခရိုင်ရုံးသို့ ညှိနှိုင်းပြီး ခွင့်ပြုချက်ယူရန်လိုကြောင်း ပါရှိသည်။

“သူတို့လုပ်ငန်းတွေ လာလုပ်ပေးတာတော့ကောင်းတယ် ကျွန်တော်တို့လည်းကြိုက်တယ် ဒါပေမယ့် စစ်တပ်ဖက်ကလူတွေ ရောက်လာရင် ရွာမီးရှို့တာတို့ တွေ့တဲ့သူတွေကို သတ်ပစ်တယ်။ ကျွန်တော်တို့လည်း တောမှာပဲ ခိုနေရတော့တယ် ဒါကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လာလုပ်တာ နှစ်ဖက်စလုံးအတွက် အလဟသဖြစ်တယ်ပေါ့နော” ဟု ကွာခီးဒေသခံတစ်ဦးက ပြောပါသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပတ်သက်ပြီးဆောင်ရွက် ရန်ကျန်ရှိသော လုပ်ငန်းများအပြင် ရှေ့ဆက်လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် ခွင့်ပြုကြောင်းသိရသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြန်လည်ခွင့်ပြုခဲ့သည့် ကျေးရွာများမှာ လိုခါးလို၊ ဘူးလော်ပယ်၊ မော်ချီး(အောက်)၊ ညောင်သာယာ၊ ပါပု၊ နန်းကစ်၊ ကော်တူဒိုး၊ နန်းဖဲ၊ တော်ခူ(ရွာသစ်)၊ စလဲလို စသည့်ရွာများဖြစ်သည်။

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...