၄ ကြိမ်မြောက် ကရင်ရိုးရာမီးပုံပွဲ ဝင်းရော်ဒေသတွင် ကျင်းပ

၄ ကြိမ်မြောက် ကရင်ရိုးရာမီးပုံပွဲ ဝင်းရော်ဒေသတွင် ကျင်းပ
by -
စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ ခလယ်ရွာရှိ၊ သီရီမင်္ဂလာသိမ်ကွင်း၌ ၄ ကြိမ်မြောက် ကရင်ရိုးရာမီးပုံပွဲကို  (၂ )ရက်ကြာ (ဇန်နဝါရီလ ၃၀- ၃၁ ရက်နေ့) ကျင်းပကြောင်း သိရသည်။ 

အဆိုပါ မီးပုံပွဲကို ဒေသတွင်း ရိုးရာအစဉ်အလာအရ မီးပုံပွဲပြုလုပ်ခြင်းဖြင့် ရောဂါဘယပျောက်ကင်း ကာကွယ် သည့် အနေဖြင့် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ပွဲတော်ကျင်းပရေး ဥက္ကဌ စောဆန်းညွှန့်မောင်က ပြောသည်။

၎င်းက“ ရောဂါဘယစွဲကပ်တဲ့အခါမှာ နေ့နံအလိုက်ပေါ့နော် ဝါး၊ စီးပင်၊ ကံ့ကော်ပင်၊ ထန်းလျက်၊ အုန်းရွက်၊ ကိုယ်ဝတ်ဆင်ခဲ့တဲ့အဝတ်စတွေကို မီးရှို့လိုက်ခြင်းအားဖြင့် ပျောက်ကင်းတယ်လို့ အယူရှိတယ်။ လူငယ်တွေ ဒီအစဉ်အလာကို ထိန်းသိမ်းနိုင်ဖို့ ရိုးရာယဉ်ကျေးမှုပါ ထည့်သွင်းပေးတယ်၊ ကိုယ့်ရဲ့ ယဉ်ကျေးမှုလည်းမြှင့်တင်ရာ ရောက်တယ်”ဟု စောဆန်းညွန့်မောင်က ပြောသည်။

ရှေးကရင် ဘိုး၊ ဘေများ အနေဖြင့် ကိုးကွယ်သည့်ဘာသာတရားမရှိခင်က သဘာဝဘေးအန္တရာယ်နှင့် ရောဂါ ဘယစွဲကပ်လာသည့်အခါ  မီးရှို့ပူဇော်မှုဖြင့် ပျောက်ကင်းသည်ဟု အစွဲရှိကာ ယခုလို ရိုးရာဓလေ့ မပျောက် အောင် ကရင်တိုင်းရင်းသားများနေထိုင်ရာ ဒေသအချို့၌ ယနေ့တိုင်ကျင်းပနေခြင်း ဖြစ်သည်။

ဝင်းရော်ဒေသခံ စောမန်းသူအောင်က“ ကျေးရွာတွေမှာ မကောင်းတဲ့နိမိတ်တွေ ရောဂါဘယစွဲကပ်မှုတွေ မကောင်းတဲ့ဂြိုလ်ကျရောက်တဲ့လူတွေပေါ့နော်၊ နေ့နံအလိုက် တနှစ်တစ်ခါ စုပေါင်းပြီး မီးရှို့ပူဇော်ခြင်းအားဖြင့် ပျောက်ကင်းတယ်။ ယဉ်ကျေးမှုဒုံးအကရော၊ ရှေးခေတ်ကရိုးရာအကတွေပါ လေ့လာခွင့်ရတယ်။ ကိုးကွယ်ရာ ဘာသာတစ်ခုအနေဖြင့်မမြင်ပဲ ကရင်ရိုးရာအစဉ်အလာတစ်ခု ထိန်းသိမ်းတယ်လို မြင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ရိုးရာမီးပုံပွဲတော်တွင် ကရင်ရိုးရာ ၁၂ လရာသီ ဒုံးအက၊ ရှေးခေတ် ရှားလဝီးဒုံးအကနှင့် မီးပုံပွဲဖြစ်ပေါ်လာပုံ နောက်ခံ အကြောင်းအရင်းများကို  ဖတ်ကြားပြီး ဝင်းရော်ဒေသခံ ၃ဝဝ ရာကျော် တက်ရာက်ခဲ့သည်။ အဆိုပါ မီးပုံပွဲကို ကျုံဒိုးမြို့  ကရင်ရိုးရာမီးပုံပွဲကို ဗဟိုပြုပြီး ရှေးယခင်က တလခုံးဘာသာဝင်များသာ ဦးဆောင် ကျင်းပခဲ့ဖူးသည်။

 

Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...
March 31, 2026
အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့်...