Global Village ကုမ္ပဏီသည် အစိုးရသစ်လက်ထက် အရင်ဆုံးစစ်ဆေးခံရသည့် ကုမ္ပဏီဖြစ်ဟု လမ်း/ဆက် ၀န်ကြီးပြော

Global Village ကုမ္ပဏီသည် အစိုးရသစ်လက်ထက် အရင်ဆုံးစစ်ဆေးခံရသည့် ကုမ္ပဏီဖြစ်ဟု လမ်း/ဆက် ၀န်ကြီးပြော

တင်ဒါအောင် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် ဒေသခံများမကျေနပ်မှုကြောင့် အစိုးရအဖွဲ့ထံ တိုင်စာရောက်လာမှုအပေါ် ပထမဆုံးအကြိမ်  စိစစ်ရေးကော်မတီမှ စစ်ဆေးခြင်းခံရသည့် ကုမ္ပဏီမှာ Global Village ကုမ္ပဏီဖြစ်ကြောင်း ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယူကပြောသည်။

Global Village ကုမ္ပဏီအနေဖြင့် ဟားခါးမြို့နယ် ဇာထာလ်ကျေးရွာနှင့် ဘွန်လုန်ကျေးရွာကြား တံတားပေ ၂၀၀ ကို နတလ ရန်ပုံငွေ ကျပ်သိန်း သုံးထောင်ကျော်ဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးထံမှ သိရသည်။

ဦးရွှေထီးယူက “ပြည်သူလူထုက မကျေနပ်လို့တိုင်ပြီး ကျွန်တော်တို့ကိုယ်တိုင်သွားကြည့်တဲ့ ပထမဆုံး Global Village ကုမ္ပဏီရဲ့လုပ်ရပ်တစ်ခုဖြစ်တယ်။ သူတို့ဆောက်တဲ့တံတားက ပေ ၂၀၀ လောက်ရှည်တယ်။ အဲကုမ္ပဏီက ဘတ်ဂျက်အရ ဂန့်ဂေါဖက်က သဲတွေကို သုံးမယ်ဆိုပြီး ဘွေနူးချောင်းက သဲတွေသုံးတယ်။ အခုတည်ဆောက်ရေးနဲ့ စိစစ်ရေးကော်မတီက စစ်ဆေးနေတုန်းပဲဖြစ်တယ်။ အဖြေအတိအကျမ ထွက်သေး ဘူး။ အခြေအနေတော့ အတော်ဆိုးတယ်လို့တော့ ကြားထားတယ်” ဟုပြောသည်။

ဦးရွှေထီးယူက “ တည်ဆောက်ရေးနှင့် စိစစ်ရေးကော်မတီက အတိုင်ခံရတဲ့ ကုမ္ပဏီရဲ့လုပ်ရပ်တွေကို သွားရောက်စစ်ဆေးမယ်။ အရည်အသွေးမပြည့်မီရင် လျှော်ခိုင်းတာ၊ ပြန်လုပ်ခိုင်းမယ်။ တင်ဒါပေးကတည်းက ငွေကြေးအလုံအလောက်ရှိရမယ်။ လုပ်ငန်းအတွေ့အကြုံရှိရမယ် ဆိုပြီး အမှတ်ပေးစည်းမျဉ်းအတိုင်း ပေးခဲ့တာဖြစ်တယ်။ ကုမ္ပဏီရဲ့ လုပ်ငန်းအရည်အသွေးမပြည့်မီမှုရှိခဲ့မယ်ဆိုရင်တော့ အဲဒီကုမ္ပဏီကတော့ နောက်တင်ဒါတွေမှာ အလားအလာတော့ရှိမှာမဟုတ်တော့ဘူး” ဟုပြောသည်။

သူကဆက်ပြီး အစိုးရသစ်လက်ထက်အစပိုင်း ယခုကဲ့သို့ အဖြစ်အပျက်မျိုးမရှိကြောင်း၊ ရှိကောင်းရှိနိုင်သော်လည်း မိမိတို့အနေဖြင့် စိစစ်ရေးပိုင်းတွင် မကျွမ်းကျင်သေးမှုများကြောင့် ဖြစ်နိုင်ကြောင်း ဆက်ပြောသည်။

ဦးရွှေထီးယူက“ တင်ဒါလုပ်ငန်းတွေနဲ့ပတ်သက်ပြီး လူထုတွေအနေနဲ့ ပူးပေါင်းပေးပါ။ ကျွန်တော်တို့လည်း သူတို့ရဲ့လုပ်ငန်းမှန်သမျှကို လိုက်မကြည့်နိုင်တော့ လူထုအနေနဲ့ ကုမ္ပဏီရဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အံဝင်ခွင်ကျရှိမရှိ ဝိုင်းဝန်းပူးပေါင်းစေချင်တယ်” ဟုပြောသည်။

တည်ဆောက်ရေးနှင့် စိစစ်ရေးကော်မတီဥက္ကဌမှာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဖြစ်ပြီး မကြာခင်ရက်ပိုင်းက အင်တာနက်စာမျက်နှာတွင် ထွက်ပေါ်လာသည့် မင်းတပ်မြို့နယ် ပန်းအော့ – အမ်လောင်း – ဖွီကျေးရွာကြား ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်အတွင်း လမ်းတည်ဆောက်မှုအပေါ် ဒေသခံများအနေဖြင့် ယခုသွားလာရန်ခက်ခဲမှုရှိ သည့် ကိစ္စနှင့်ပတ်သက်ပြီး ဒေသခံများမှ တင်ပြစာ တရားဝင်စာရရှိခြင်းမရှိသေးကြောင်း ဦးရွှေထီးယူက ပြောသည်။

Most read this week

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...