ဟားခါးစျေးရုံဆိုင်ခန်းသစ်များ ကျပ် ၃၅ သိန်းမှ ၁၁၀ သိန်းဖြင့်ပြန်ရောင်းမည်

ဟားခါးစျေးရုံဆိုင်ခန်းသစ်များ ကျပ် ၃၅ သိန်းမှ ၁၁၀ သိန်းဖြင့်ပြန်ရောင်းမည်

အက်ဇဲလ်ဒီဇိုင်းကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့် ချင်းပြည်နယ်၊ ဟားခါးမြို့စျေးရုံသစ်ရှိ ဆိုင်ခန်းသစ်များကို ၃၅ သိန်းမှ သိန်း ၁၁၀ ဖြင့်ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း ချင်းပြည်နယ်စည်ပင်သာယာရေးညွှန်ကြားရေးမှုးဦးထလာဟရဲက ပြောကြားသည်။

အဆိုပါစျေးနှုန်းမှာ စျေးရုံအဟောင်းတွင် ဆိုင်ခန်းမပိုင်သူများအတွက်ဖြစ်ပြီး ဆိုင်ခန်းပိုင်ဆိုင်ခဲ့သူများအတွက် စျေးနှုန်းချိုသာစွာ ဆိုင်ခန်းပြန်လည်ပေးမည်ဖြစ်သည်။

ဦးထလာဟရဲက “လောလောဆယ်ဆိုင်ခန်းအပိုင်ရှိပြီးသားက ၇၂ ဦးဖြစ်တယ်။ သူတို့ကိုတော့ စျေးချိုချိုသာသာနဲ့ပြန်ပေးမယ်။ ဆိုင်ခန်းစျေးနှုန်းကတော့ ကျပ် ၉ သိန်းကနေ ၁၆ သိန်းအကြားဖြစ်တယ်။ အဲဒါလည်း ငြှိပြီးသားဖြစ်တဲ့အတွက် သူတို့လည်းသဘောတူတယ်။ ဆိုင်ခန်းမပိုင်တဲ့သူတွေကို ပြန်ရောင်းဖို့ကတော့ ကျပ် ၃၀ သိန်းကနေ ၁၁၅ သိန်းနဲ့ပြန်ရောင်းမယ်။ ဆိုင်ခန်းကတော့ အမျိုးအစားတစ်ခုနဲ့တစ်ခုမတူဘူးပေါ့” ဟုပြောသည်။

ဆိုင်ခန်းများကို တိုက်ရိုက်ရောင်းချမည်မဟုတ်ပဲ မဲနှိုက်သည့်စနစ်ဖြင့် ဆောင်ရွက်ရွက်မည်ဖြစ်ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တွင် ဟားခါးမြို့တော်ခန်းမ၌ စတင်ကျင်းပမည်ဖြစ်သည်။

ဟားခါးစျေးရုံအသစ်ကို ကျပ်သိန်း ကိုးထောင်သုံးရာကုန်ကျတည်ဆောက်ထားခြင်းဖြစ်ပြီး သုံးထပ်ခွဲအဆောက်အဦး၊ ဆိုင်ခန်းပေါင်း ၄၀ ကျော်ရှိမည်ဖြစ်သည်။ စျေးရုံအဆောက်အဦး၏ ဖောင်ဒေးရှင်းတည်ဆောက်မှုကို နည်းပညာပိုင်းဆိုင်ရာ ပညာရှင်များကိုခေါ်ပြီး ပြန်လည်စစ်ဆေးမည်ဖြစ်သည့်အတွက် ယခုလုပ်ငန်းကိုယာယီဆိုင်းငံ့ထားကြောင်းသိရသည်။

ယခုအခါ ယာယီစျေးကို အ.ထ.က (၁) ကျောင်းအနီးရှိ ကီယိုမာန်း အားကစားတွင် ဖွင့်လှစ်ပေးထားကြောင်းသိရသည်။

Most read this week

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...