ဟားခါး- ဖလမ်း – ကလေးကြား နိုင်လွန်ကတ္တရာမခင်းခင် လမ်းတာချဲ့ရာ၌ နစ်နာသူများအတွက် ကျပ်သန်း ၂၀၀ ကျော်လျော်ကြေးပေးမည်

ဟားခါး- ဖလမ်း – ကလေးကြား နိုင်လွန်ကတ္တရာမခင်းခင် လမ်းတာချဲ့ရာ၌ နစ်နာသူများအတွက် ကျပ်သန်း ၂၀၀ ကျော်လျော်ကြေးပေးမည်

ဟာခါး-ဖလမ်း- ကလေးကြား ကမ္ဘာ့ဘဏ်မှ နိုင်လွန်ကတ္တရာမခင်းခင် လမ်းတာချဲ့မှုကြောင့် နစ်နာခဲ့ သူများအတွက် လျောကြေး ငွေ မြန်မာကျပ် သန်း ၂၀၀ ကျော်ပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယိုကပြောသည်။

“ အဓိကတော့ ဥယျဉ်ခြံတွေနဲ့ အိမ်ထိခိုက်တာတွေအတွက်ပေ့ါ။ အိမ်ခြေကတော့ ၂၀ ဝန်းကျင် လောက်ရှိတယ်။ ကျွန်တော်တို့ညှိနှိုင်းပြီး အခုလိုအဆင်ပြေတာပေါ့။ တစ်ချို့ပျက်စီးမှုရှိတဲ့ နေရာတွေကို ကွင်းဆင်းစစ်ဆေးတယ်။ တစ်ချို့သူတွေကလည်း ထိခိုက်အနည်းအကျဉ်းပဲဖြစ်တဲ့အတွက် လမ်းမကြီး ပိုကောင်းဖို့အတွက်ဆိုရင် လျော်ကြေးမလိုပါဘူးလို့ပြောတဲ့သူတွေရှိတယ်။ တစ်ချို့ရွာဆိုရင်လည်း ကျေးရွာကျောင်းတွေကို သွားတဲ့လမ်းတွေ ကွေ့ကောက်တော့ အဖြောင်အတိုင်း ပြန်ဖောက်ပေးမယ်ဆိုပြီး ညှိနှိုင်းတာလည်းရှိတယ်” ဟုသူကပြောသည်။

ထိုကဲ့သို့ ညှိနှိုင်းမှုကို မြို့နယ်ကိုယ်စားလှယ်အလိုက် သွားရောက်ညှိနှိုင်းခြင်းဖြစ်ပြီး ဟားခါးမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယို၊ ဖလမ်းမြို့နယ်အတွင်း စာရင်းစစ်ချုပ်ဦးလာလ်သင်းမာန်၊ တီးတိန်မြို့နယ်အတွင်း သစ်တောဝန်ကြီး ဦးမာန်ဟန်ဒါလ်း တို့မှ သက်ဆိုင်ရာ ကျေးရွာအတွင်း နစ်နာမှုရှိသူများနှင့် သွားရောက်ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

ညှိနှိုင်းမှုကိုထပ်မံဆောင်ရွက်မည်ဖြစ်ပြီး လျော်ကြေးငွေ ယခုထက်ပင်ထပ်လျော့နိုင်သေးကြောင်း ဦးရွှေထီးယို ကပြောသည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...