ကလေးမြို့တက္ကသိုလ်နှစ်ခုတွင် အင်တာနက်လိုင်း တပ်ဆင်မည်ဖြစ်သော်လည်း မည်သည့်ဘဏ္ဍာနှစ်တွင် တပ်ဆင်မည်မသေချာသေး

ကလေးမြို့တက္ကသိုလ်နှစ်ခုတွင် အင်တာနက်လိုင်း တပ်ဆင်မည်ဖြစ်သော်လည်း မည်သည့်ဘဏ္ဍာနှစ်တွင် တပ်ဆင်မည်မသေချာသေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ကွန်ပြူတာ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တွင် အင်တာနက်လိုင်း တပ်ဆင်မည်ဖြစ်သော်လည်း မည်သည့်ဘဏ္ဍာနှစ်တွင် တပ်ဆင်မည်မှာ မသေချာသေးကြောင်း စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းကပြောသည်။

ဒေါက်တာဇော်ဝင်းက ” တက္ကသိုလ်နှစ်ခုမှှာ Optical Fiber အင်တာနက်လိုင်းတပ်ဆင်ပေးသွားမည်ဖြစ်သော်လည်း မည်သည့်ဘဏ္ဍာနှစ်တွင် တပ်ဆင်မည်မှာ မသေချာသေးကြောင်း” စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်၏ မြေးမြန်းချက်ကိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်သန့်ဝေကျော်မှ မိမိဒေသရှိ တက္ကသိုလ်များတွင် အဆင့်မြင့်စာသင်နိုင်ရေးအတွက် အင်တာနက် ချိတ်ဆက်နိုင်ရေးကို ဦးစားပေးအနေဖြင့် ပြည်ထောင်စုသို့ တင်ပြပေးရန် မေးခွန်းမေးမြန်းခဲ့သည်။

လက်ရှိအချိန်တွင် ကလေးကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့တွင် အင်တာနက်တပ် ဆင်မှုမရှိသေးပဲ ကလေးဝိဇာနှင့်သိပ္ပံတက္ကသိုလ်တွင် သာအင်တာနက်လိုင်းတပ်ဆင်ထားကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...