ကလေးမြို့တက္ကသိုလ်နှစ်ခုတွင် အင်တာနက်လိုင်း တပ်ဆင်မည်ဖြစ်သော်လည်း မည်သည့်ဘဏ္ဍာနှစ်တွင် တပ်ဆင်မည်မသေချာသေး

ကလေးမြို့တက္ကသိုလ်နှစ်ခုတွင် အင်တာနက်လိုင်း တပ်ဆင်မည်ဖြစ်သော်လည်း မည်သည့်ဘဏ္ဍာနှစ်တွင် တပ်ဆင်မည်မသေချာသေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ကွန်ပြူတာ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တွင် အင်တာနက်လိုင်း တပ်ဆင်မည်ဖြစ်သော်လည်း မည်သည့်ဘဏ္ဍာနှစ်တွင် တပ်ဆင်မည်မှာ မသေချာသေးကြောင်း စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းကပြောသည်။

ဒေါက်တာဇော်ဝင်းက ” တက္ကသိုလ်နှစ်ခုမှှာ Optical Fiber အင်တာနက်လိုင်းတပ်ဆင်ပေးသွားမည်ဖြစ်သော်လည်း မည်သည့်ဘဏ္ဍာနှစ်တွင် တပ်ဆင်မည်မှာ မသေချာသေးကြောင်း” စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်၏ မြေးမြန်းချက်ကိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်သန့်ဝေကျော်မှ မိမိဒေသရှိ တက္ကသိုလ်များတွင် အဆင့်မြင့်စာသင်နိုင်ရေးအတွက် အင်တာနက် ချိတ်ဆက်နိုင်ရေးကို ဦးစားပေးအနေဖြင့် ပြည်ထောင်စုသို့ တင်ပြပေးရန် မေးခွန်းမေးမြန်းခဲ့သည်။

လက်ရှိအချိန်တွင် ကလေးကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့တွင် အင်တာနက်တပ် ဆင်မှုမရှိသေးပဲ ကလေးဝိဇာနှင့်သိပ္ပံတက္ကသိုလ်တွင် သာအင်တာနက်လိုင်းတပ်ဆင်ထားကြောင်း သိရသည်။

Most read this week

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...