ကွန်ဟိန်းမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် အပစ်ရပ်ထားသည့် RCSS တို့ တိုက်ပွဲဖြစ်

ကွန်ဟိန်းမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် အပစ်ရပ်ထားသည့် RCSS တို့ တိုက်ပွဲဖြစ်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ် တောင်ကြီး – ကျိုင်းတုံ ကားလမ်းတောင်ဘက် ခြမ်းတွင် အစိုးရ တပ်မတော် နယ်မြေရှင်းလင်းရေး နယ်မြေစိုးမိုးရေး လုပ်ရာမှ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

၂၀၁၇ ခု နိုဝင်ဘာ ၁၉ ရက်နေ့ ညနေ ပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ပြောပြချက်အရ သိရ သည်။ “လူထုတော့ ဘာမှမဖြစ်ဘူး။ တပ်ဘက်လဲ လူထုကို ပြဿနာရှာတယ်လို့ မကြားမိဘူး။ သေနတ် သံတော့နှစ်ဘက်လုံးကြားရတယ်။ ၁၉ ရက်နေ့ ညနေ ပိုင်းက ဖြစ်တာ” ဟု ဒေသခံရပ်မိရပ်ဖ တဦးက ပြောသည်။

ကွန်းမြို့နယ်တွင် တောင်ကြီး – ကျိုင်းတုံကားလမ်းတောင်ဘက်ခြမ်း အတွင်း သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ဝင်များ အစဉ်သွားလာလှုပ်ရှားကြောင်း၊ အစိုးရတပ်မတော် စစ်ကြောင်း သွား ရောက်လှုပ်ရှားသည်ဟု သိရသော်လည်း မည်သည့်အဖွဲ့က မည်သူ့ကို ပစ်ခတ်သည် ဆိုတာ မသိရကြောင်း ကျားခေါင်းပါတီ ပြည်နယ် လွှတ်တော် အမှတ် ၂ မဲဆန္ဒနယ် စိုင်းအောင်ကျော်ဦးက သျှမ်းသံတော်ဆင့်သို့ ဤသို့ပြောသည်။

“ သေနတ်သံထွက်တာ ၁၅ မိနစ်လောက်ဘဲ ။ နမ့်ပါမန်း ရွာသားတွေကို ဝမ်တုံ ဘက်ပေးမသွားဘူး။ တပ်မတော်စစ်ကြောင်းဘက်က ဟန့်တားထားတာ။ ကာလိဘက်ဆို သွားလို့ရတယ်။ တိုက်ပွဲ တော့တကယ်ဖြစ်ပွါးခဲ့တယ်လို့ ကြားရပါတယ်။ RCSS/SSA ဘက်ကတော့ သူတို့ ဘက်ကနေ တပ်မတော်စစ်ကြောင်းကို ပစ်ခတ်တာမရှိဘူးလို့ ပြောတယ် ” ဟု စိုင်းအောင်ကျော်ဦး ကပြောသည်။

နှစ်ဘက်တိုက်ပွဲ အမှန်တကယ်ဖြစ်ပွားကြောင်း ကွန်ဟိန်းဗျူဟာကုန်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက အတည်ပြုသော် လည်း တိုက်ပွဲနှင့်ပတ်သက်သည့်သတင်းမေးမြန်းရန်ကြိုးစားသော်လည်း ဖုန်းလက်ခံဖြေကြားပေး ခြင်းမရှိပေ။

အဆိုပါဒေသဘက်တွင် နိုဝင်ဘာ လဆန်းပိုင်းမှစ၍ ယနေ့အထိ ကျိုင်းတောင်းအခြေစိုက် ခမရ ၅၆၉ နှင့် တာကော် ဟိုတန့်အခြေစိုက် ခလရ ၂၉၆ တို့ပူးပေါင်း လှုပ်ရှားကာနယ်မြေစိုးမိုးရေး၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လျက်ရှိနေသည်ဟု သိရသည်။

အဆိုပါတိုက်ပွဲမှာ သစ်ထုတ်လုပ်ရေးနှင့်ပတ်သက်ပြီး ဖြစ်ပွါးသည့်တိုက်ပွဲဟု ပြောဆိုကြသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက်မရရှိပေ။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...