ရက်ပိုင်းအတွင်း ၀ နှင့်မိုင်းလားအား အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်လာတွေ့မည်

ရက်ပိုင်းအတွင်း ၀ နှင့်မိုင်းလားအား အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်လာတွေ့မည်

လာမည့် ရက်ပိုင်းအတွင်း ၀ နှင့်မိုင်းလားအား အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များက လာရောက်တွေ့ဆုံမည်ဟု သိရသည်။

"တရုတ်ဘက်က ဆက်သွယ်ပေးမှုအရ အစိုးရကိုယ်စားလှယ်တွေနဲ့ ၀ ၊ မိုင်းလားကိုယ်စားလှယ်တွေတွေ့မယ်။ နိုဝင်ဘာ ၁၀ ရက်နေ့ ပြောတယ်။ ဖွံံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ တွေ့ကြမယ်။ ငြိမ်းချမ်းရေး ခေါင်းစဉ် တပ်ပြီးဆွေးနွေးရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နာမည်နဲ့ ဆွေးနွေးရမယ်လို့ သူတို့အချင်းချင်း သဘောတူထားတာ ရှိလို့လေ" ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

သို့သော်အစိုးရကိုယ်စားလှယ်သည် ၀ နှင့် မိုင်းလား ၂ ဖွဲ့ကိုတပြိုင်းတည်းတွေ့ဆုံမည်မဟုတ်ဘဲ ၀ နှင့်တွေ့ပြီးမှ မိုင်းလားထံသွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း ဆိုပါသည်။

၀ နှင့် မိုင်းလားတပ်ဖွဲ့တို့သည် NCA စာချုပ် လမ်းကြောင်းလက်ခံထားသည့် အဖွဲ့များမဟုတ်ဘဲ တခြားနည်းလမ်းဖြင့် နိုင်ငံရေးတိုက်ရိုက်ဆွေးနွေးရန် ဆန္ဒရှိသည်။

၀ တပ်ဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် ရ ဖွဲ့အား ကိုယ်စားပြုသည့် FPNCC အနေဖြင့့်သာ အစိုးရနှင့်နိုင်ငံရေးဆွေးနွေးလိုသည်။

UWSA ၀ တပ်ဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ရ ဖွဲ့မှာ ကချင် KIA၊ မိုင်းလား NDAA၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ ကိုးကန့်MNDAA၊ ရခိုင် AA နှင့် တအာင်း (ပလောင်) TNLA တို့ဖြစ်ကြသည်။

June 1, 2026
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...
May 30, 2026
သျှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လက်သမားခ တစ်နေ့လျှင့် ကျပ်ငွေ...
May 29, 2026
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး...
May 28, 2026
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး...