Published
Sunday, November 08, 2015
မဲရုုံလေးရုုံတွင် လူသုုံးရာကျော် မဲပေးရန် စောင့်ဆုုိင်း
နွန်ဒါ — သံဖြူဇရပ်မြို့နယ် ပငကျေးရွာအုပ်စု မဲရုံ(၂)တွင် မဲပေးမည့်သူသုံးရာကျော်ခန့် မဲပေးရန်စောင့်ဆိုင်းလျှက် ရှိပြီး ဆန္ဒပြုခန်းလေးခန်းသာ ပါသောကြောင့် မဲပေးရန် အချိန်ကြန့်ကြာမှုများ ရှိကြောင်း ထုုိနေရာသုုိ့ ရောက်ရှိနေသည့် သတင်းထောက် မနွန်ဒါမှ သတင်းပေးပုုိ့သည်။
“အရင်ရွေးကောက်ပွဲနဲ့ မတူဘူး အခုတခါလူကအရမ်းများတယ် မိုးမလင်းခင်ထဲကစောင့်နေကျတာ မဲပေးရာမှာတော့ အကုန်အဆင်ပြေတယ် မဲပေးဖို့စောင့်ရတဲ့ အချိန်ကတော့ တစ်ယောက်နဲ့တစ်ယောက် စောင့်နေရတာတော့ အချိန်နည်းနည်းကြာတယ်” ဟု မနွန်ဒါက လက်ရှိအခြေနေကိုပြောပြသည။်
မဲပေးရန် စောင့်ဆိုင်းနေသူ တစ်ချို့တွင် မဲရုံအမှတ်သေချာစွာမသိရှိခြင်းနှင့် မဲရုံများရှိသည့် နေရာကို မသိရှိခြင်းများကြောင့် မဲရုံမှားယွင်း၍ လာရောက်စောင့်ဆိုင်းနေသူများ ပါဝင်ပြီး ယခုရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူအားလုံး စိတ်ဝင်စားစွာဖြင့် လာရောက်မဲပေးခြင်းများရှိကြောင်း သတင်းရရှိပါသည်။






