ကန်ပက်လက်တွင် မဲလက်မှတ်တချို့ မင်စွန်းမှုများရှိ

ကန်ပက်လက်တွင် မဲလက်မှတ်တချို့ မင်စွန်းမှုများရှိ
by -
ဆလုုိင်းကျော်မုုိး
ဆလုုိင်းကျော်မုုိး — ကန်ပက်လက်မြို့တွင် မဲလက်မှတ်တချို့ မင်စွန်းမှုများ ရှိနေကြောင်း ကန်ပက်လက်မြို့မှ ဘက်မလုုိက် စောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် ဦးဟုုန်းမန်းက ရွေးကောက်ပွဲ သတင်းခန်းသုုိ့ သတင်းပေးပုုိ့သည်။

အဆုုိပါဖြစ်စဉ်တွင် မဲရုုိက်နှိပ်မည့် တံဆိပ်တုုံးများမှာလည်း တခြမ်းပဲ့သာ မင်ထင်ကြောင်းနှင့် မဲရုုံမှူးများဘက်မှ အဆုုိပါ ဖြစ်စဉ်များကုုိ မှတ်တမ်းတင် ပေးထားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြားသည်ဟုု ဦးဟုုန်းမန်းက ပြောသည်။

မဲလက်မှတ်မှာ တံဆိပ်တုုံး တခြမ်းပါ အကွက်ထဲတွင် တကြိမ်ရုုိက်ပါက ထောက်ခံမဲ သတ်မှတ်ပေးမည်ဟုု မဲရုုံမှူးက ဆုုိသည်။

ယခုုမဲလက်မှတ်များနှင့် ပတ်သတ်ပြီး ညနေဘက် မဲရေတွက်ချိန်တွင် သတိထား ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မဲရုုံမှူးမှ ပြောဆုုိသည်ဟုု ဦးဟုုန်းမန်းက ရွေးကောက်ပွဲ သတင်းခန်းသုုိ့ ရှင်းပြသည်။ 

Most read this week