ကော့သောင်းမြို့နယ်ရှိ ရွှေပြည်စုုိး ကျေးရွာအုုပ်စုုတွင် မဲရုုံတစ်ရုုံသာရှိသဖြင့် အချိန်မလောက်မှာ စုုိးရိမ်

ကော့သောင်းမြို့နယ်ရှိ ရွှေပြည်စုုိး ကျေးရွာအုုပ်စုုတွင် မဲရုုံတစ်ရုုံသာရှိသဖြင့် အချိန်မလောက်မှာ စုုိးရိမ်
by -
ခုုိင်နွယ်ဦး
ခုုိင်နွယ်ဦး — တနင်္သာရီတိုင်းကော့သောင်းမြို့နယ်ရှိ ခုနှစ်မိုင်/ရွှေပြည်စိုးကျေးရွာအုပ်စုတွင် မဲရုံတစ်ရုံသာ ထားရှိထားခြင်းကြောင့် ယနေ့မဲပေးမည့် ဆန္ဒရှင်များအတွက် အချိန်မလုံလောက်ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း တစ်သီးပုဂ္ဂလအနေဖြင့် အဆိုပါမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဇော်မင်းထိုက်ထံမှ သတင်းရရှိပါသည်

“ကော်မရှင်ကလူတွေက ကြိုတင်မဲပေးတဲ့ခါမှာတောင် စာအိတ်မရှိတာတွေ လက်မှတ်မလုံလောက်တာတွေနဲ့ တံဆိပ်တုံးတောင် ဘယ်နေရာထုရမှန်းမသိတာတွေကြောင့် ဒီမဲရုံတစ်ရုံထဲနဲ့ မဲပေးမဲ့လူ အချိန်ကဘယ်လိုမှ လုံလောက်မှာမဟုတ်ဘူး”ဟု ၎င်းကပြောသည်

ယနေ့ရွေးကောက်ပွဲကျင်းပပြီ ဖြစ်သော်လည်း လက်ရှိချိန်ထိ သက်သေခံကဒ်ပြား မရရှိသူများနှင့် မဲရုံချထားပေးမှုနှင့် ဆန္ဒပြုသူအရေတွက်မမျှတမှုကြောင့် ရွေးကောက်ပွဲရလဒ်အပေါ် စိုးရိမ်စွာ စောင့်ကြည့်ရမည်ဖြစ်ပြီး ရမိုင်/ရွှေပြည်စိုးကျေးရွာတွင် မဲရုံတစ်ရုံနှင့် မဲပေးရန်စောင့်ဆိုင်းသူ သုံးထောင်ကျော်ရှိကြောင်း ဦးဇော်မင်းထိုက်ထံမှ သတင်းရရှိပါသည်

Most read this week