ရခိုင်ပြည်နယ်တည်ဆောက်ရန် အမျိုးသားစီမံကိန်းထားရှိခြင်းက အခြားပါတီထက် အားသာချက်ဟု ရခိုင်မျိုးချစ်ပါတီ ခေါင်းဆောင်ဆို

ရခိုင်ပြည်နယ်တည်ဆောက်ရန် အမျိုးသားစီမံကိန်းထားရှိခြင်းက အခြားပါတီထက် အားသာချက်ဟု ရခိုင်မျိုးချစ်ပါတီ ခေါင်းဆောင်ဆို
စံမောင်သန်း — ရခိုင်မျိုးချစ်ပါတီအနေဖြင့် ရခိုင်ပြည်နယ် တည်ဆောက်ရန် အမျိုးသားစီမံကိန်း ထားရှိခြင်းက အခြားပါတီများထက် အားသာချက် တစ်ရပ်ဖြစ်ကြောင်း ရခိုင်မျိုးချစ်ပါတီ ခေါင်းဆောင် ဦးမောင်မောင်စောက ပြောသည်။

“ကျွန်တော်တို့ ပါတီအနေနဲ့ အဓိက အားသာချက် တစ်ခုကတော့ အခြားပါတီတွေမှာ မရှိတဲ့ ရခိုင်ပြည်နယ်ကို ဘယ်လိုတည်ဆောက်မယ်ဆိုတဲ့ အမျိုးသား စီမံကိန်း ထားရှိခြင်းပါပဲ။ မဲ ဆွယ်စည်းရုံးရေး လုပ်တဲ့အခါမှာတော့ ပါတီပေါ်ပေါက်လာပုံရယ်၊ ရခိုင့်နိုင်ငံရေး၊ ပြည်ထောင် စုနိုင်ငံရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ချပြစည်းရုံးပါတယ်”ဟု ဦးမောင်မောင်စောက နိရဥ္စရ သတငိးဌာနသို့ ပြောသည်။

ဦးမောင်မောင်စောအနေဖြင့် ကျောက်တော်မြို့ပေါ်နှင့် စစ်တွေမြို့ပေါ် မဲဆွယ်စည်းရုံးရေးများတွင် ဝင်ရောက်ဟောပြောပြီး၊ ဒုတိယ ခေါင်းဆောင် ဦးဇော်ဝင်းမောင်က အခြားမြို့နယ်များ၌ ဝင်ရောက် မဲဆွယ်စည်းရုံးရေး လုပ်ပေးနေသည်ဟု သိရသည်။

စစ်တွေမြို့ပေါ်ရှိ ရခိုင်မျိုးချစ်ပါတီ၏ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်တစ်ခုသည် နှစ်ကြိမ်တိုင်တိုင် ဖျက်ဆီးခံထားရပြီး၊ မြို့နယ်ကော်မရှင်နှင့် ရဲစခန်းသို့ တိုင်ကြားထားသည်ဟုသိရသည်။

“ဒီလိုမျိုး ဆိုင်းဘုတ်ဖျက်ဆီးခံရတယ်ဆိုတာ ရွေးကောက်ပွဲကာလမှာ ဖြစ်တတ်စမြဲပါ။ ရခိုင်ပြည်နယ် တစ်ခုထဲမှာပဲ အဖျက်ဆီးခံရတာမဟုတ်ပါဘူး။ အခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း ဖျက်ဆီး ခံရတာ တွေရှိပါတယ်။ တခြားနိုင်ငံတွေမှာလည်း ဖြစ်တတ်စမြဲပါ”ဟု ဦးမောင်မောင်စောကပြောသည်။

 ရခိုင်မျိုးချစ်ပါတီအနေဖြင့် ဝင်ပြိုင်မည့် ၁၆ နေရာလုံး၌ အနိုင်ရရှိမည်ဟု ယုံကြည်ကြောင်း ၄င်းကပြောသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...