“ကျွန်တော်တို့ ပါတီအနေနဲ့ အဓိက အားသာချက် တစ်ခုကတော့ အခြားပါတီတွေမှာ မရှိတဲ့ ရခိုင်ပြည်နယ်ကို ဘယ်လိုတည်ဆောက်မယ်ဆိုတဲ့ အမျိုးသား စီမံကိန်း ထားရှိခြင်းပါပဲ။ မဲ ဆွယ်စည်းရုံးရေး လုပ်တဲ့အခါမှာတော့ ပါတီပေါ်ပေါက်လာပုံရယ်၊ ရခိုင့်နိုင်ငံရေး၊ ပြည်ထောင် စုနိုင်ငံရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ချပြစည်းရုံးပါတယ်”ဟု ဦးမောင်မောင်စောက နိရဥ္စရ သတငိးဌာနသို့ ပြောသည်။
ဦးမောင်မောင်စောအနေဖြင့် ကျောက်တော်မြို့ပေါ်နှင့် စစ်တွေမြို့ပေါ် မဲဆွယ်စည်းရုံးရေးများတွင် ဝင်ရောက်ဟောပြောပြီး၊ ဒုတိယ ခေါင်းဆောင် ဦးဇော်ဝင်းမောင်က အခြားမြို့နယ်များ၌ ဝင်ရောက် မဲဆွယ်စည်းရုံးရေး လုပ်ပေးနေသည်ဟု သိရသည်။
စစ်တွေမြို့ပေါ်ရှိ ရခိုင်မျိုးချစ်ပါတီ၏ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်တစ်ခုသည် နှစ်ကြိမ်တိုင်တိုင် ဖျက်ဆီးခံထားရပြီး၊ မြို့နယ်ကော်မရှင်နှင့် ရဲစခန်းသို့ တိုင်ကြားထားသည်ဟုသိရသည်။
“ဒီလိုမျိုး ဆိုင်းဘုတ်ဖျက်ဆီးခံရတယ်ဆိုတာ ရွေးကောက်ပွဲကာလမှာ ဖြစ်တတ်စမြဲပါ။ ရခိုင်ပြည်နယ် တစ်ခုထဲမှာပဲ အဖျက်ဆီးခံရတာမဟုတ်ပါဘူး။ အခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း ဖျက်ဆီး ခံရတာ တွေရှိပါတယ်။ တခြားနိုင်ငံတွေမှာလည်း ဖြစ်တတ်စမြဲပါ”ဟု ဦးမောင်မောင်စောကပြောသည်။
ရခိုင်မျိုးချစ်ပါတီအနေဖြင့် ဝင်ပြိုင်မည့် ၁၆ နေရာလုံး၌ အနိုင်ရရှိမည်ဟု ယုံကြည်ကြောင်း ၄င်းကပြောသည်။




