၂၀၁၆ ခုနှစ် မေလ မှ သြဂုတ်လ ၂၅ ရက်နေ့ထိ သေဆုံးသူ စုစုပေါင်း ၈၂ ဦးရှိပြီး သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၂ ရက်ထိ နန်းယွန်းမြို့နယ်တွင် ငါးနှစ်အောက် ကလေးငယ် သုံးဦးထပ်မံသေဆုံးခဲ့သည်။
“နာဂဒေသမှာ ကလေးတွေရဲ့ကျန်းမာရေးအခြေအနေတိုးတက်မှုအနည်းငယ်ရှိလာပြီလို့သိရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေလည်း အချို့ရွာတွေမှာရောက်နေပြီလို့သိရပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်ပတ်မှာ ကလေး (၃) ယောက် သေပါတယ်”ဟု Emergency Response Team to Naga Region တွင်ဖော်ပြထားသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မေလမှ စက်တင်ဘာ ၂ ရက်ထိ မြို့နယ်အလိုက်သေဆုံးမှုစာရင်း နန်းယွန်းမြို့နယ် – ၅၇ ဦး၊ လဟယ်မြို့နယ် – ၂၈ ဦးဖြစ်သည်။
“သူနာပြုဆရာမတွေရောက်တဲ့ချိန်မှာပဲ နန်းယွန်းနယ်က လောက်လိုင်ဒေသဘက်မှာ နောက်ထပ်ရောဂါသစ်က လူပေါင်း ၄၀၀ ကျော်ရဲ့ အသက်ကို ခြိမ်းခြောက်လာပြန်တယ်။ လောလောဆယ်တော့ နာဂမှာ သေနေတဲ့ သေလုဆဲဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဆိုသူ နာဂပြည်သူတွေရဲ့ အသက်ကို နိုင်ငံတော်ကို ကိုယ်စားပြု သူတွေက နည်းနည်းလေးဖြစ်ဖြစ် အားထုတ်ပြီး ကြိုးပမ်းကူညီပေးစေလိုပါတယ်” ဟု ဦးရှု မောင်ကပြောသည်။







