နာဂဒေသတွင် ကူးစက်ရောဂါကြောင့် ကလေးငယ် သုံးဦးထပ်မံသေဆုံး၊ စုစုပေါင်းသေဆုံးသူ ၈၅ ဦးရှိ

နာဂဒေသတွင် ကူးစက်ရောဂါကြောင့် ကလေးငယ် သုံးဦးထပ်မံသေဆုံး၊ စုစုပေါင်းသေဆုံးသူ ၈၅ ဦးရှိ
by -
ချင်းဝေါလ်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကူးစက်ရောဂါကြောင့် ငါးနှစ်အောက် ကလေးငယ် သုံးဦးထပ်မံသေဆုံးသွားသဖြင့် သေဆုံးသူစုစုပေါင်း ၈၅ ဦးရှိလာပြီဖြစ်ကြောင်း Emergency Response Team to Naga Region လူမှုကွန်ရက်စာမျက်နှာမှသတင်းရရှိသည်။

naga 00 300x180၂၀၁၆ ခုနှစ် မေလ မှ သြဂုတ်လ ၂၅ ရက်နေ့ထိ သေဆုံးသူ စုစုပေါင်း ၈၂ ဦးရှိပြီး သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၂ ရက်ထိ နန်းယွန်းမြို့နယ်တွင် ငါးနှစ်အောက် ကလေးငယ် သုံးဦးထပ်မံသေဆုံးခဲ့သည်။

“နာဂဒေသမှာ ကလေးတွေရဲ့ကျန်းမာရေးအခြေအနေတိုးတက်မှုအနည်းငယ်ရှိလာပြီလို့သိရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေလည်း အချို့ရွာတွေမှာရောက်နေပြီလို့သိရပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်ပတ်မှာ ကလေး (၃) ယောက် သေပါတယ်”ဟု Emergency Response Team to Naga Region တွင်ဖော်ပြထားသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မေလမှ စက်တင်ဘာ ၂ ရက်ထိ မြို့နယ်အလိုက်သေဆုံးမှုစာရင်း နန်းယွန်းမြို့နယ် – ၅၇ ဦး၊ လဟယ်မြို့နယ် – ၂၈ ဦးဖြစ်သည်။

“သူနာပြုဆရာမတွေရောက်တဲ့ချိန်မှာပဲ နန်းယွန်းနယ်က လောက်လိုင်ဒေသဘက်မှာ နောက်ထပ်ရောဂါသစ်က လူပေါင်း ၄၀၀ ကျော်ရဲ့ အသက်ကို ခြိမ်းခြောက်လာပြန်တယ်။ လောလောဆယ်တော့ နာဂမှာ သေနေတဲ့ သေလုဆဲဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဆိုသူ နာဂပြည်သူတွေရဲ့ အသက်ကို နိုင်ငံတော်ကို ကိုယ်စားပြု သူတွေက နည်းနည်းလေးဖြစ်ဖြစ် အားထုတ်ပြီး ကြိုးပမ်းကူညီပေးစေလိုပါတယ်” ဟု ဦးရှု မောင်ကပြောသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...