နာဂဒေသတွင် ကူးစက်ရောဂါကြောင့် ကလေးငယ် သုံးဦးထပ်မံသေဆုံး၊ စုစုပေါင်းသေဆုံးသူ ၈၅ ဦးရှိ

နာဂဒေသတွင် ကူးစက်ရောဂါကြောင့် ကလေးငယ် သုံးဦးထပ်မံသေဆုံး၊ စုစုပေါင်းသေဆုံးသူ ၈၅ ဦးရှိ
by -
ချင်းဝေါလ်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကူးစက်ရောဂါကြောင့် ငါးနှစ်အောက် ကလေးငယ် သုံးဦးထပ်မံသေဆုံးသွားသဖြင့် သေဆုံးသူစုစုပေါင်း ၈၅ ဦးရှိလာပြီဖြစ်ကြောင်း Emergency Response Team to Naga Region လူမှုကွန်ရက်စာမျက်နှာမှသတင်းရရှိသည်။

naga 00 300x180၂၀၁၆ ခုနှစ် မေလ မှ သြဂုတ်လ ၂၅ ရက်နေ့ထိ သေဆုံးသူ စုစုပေါင်း ၈၂ ဦးရှိပြီး သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၂ ရက်ထိ နန်းယွန်းမြို့နယ်တွင် ငါးနှစ်အောက် ကလေးငယ် သုံးဦးထပ်မံသေဆုံးခဲ့သည်။

“နာဂဒေသမှာ ကလေးတွေရဲ့ကျန်းမာရေးအခြေအနေတိုးတက်မှုအနည်းငယ်ရှိလာပြီလို့သိရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေလည်း အချို့ရွာတွေမှာရောက်နေပြီလို့သိရပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်ပတ်မှာ ကလေး (၃) ယောက် သေပါတယ်”ဟု Emergency Response Team to Naga Region တွင်ဖော်ပြထားသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မေလမှ စက်တင်ဘာ ၂ ရက်ထိ မြို့နယ်အလိုက်သေဆုံးမှုစာရင်း နန်းယွန်းမြို့နယ် – ၅၇ ဦး၊ လဟယ်မြို့နယ် – ၂၈ ဦးဖြစ်သည်။

“သူနာပြုဆရာမတွေရောက်တဲ့ချိန်မှာပဲ နန်းယွန်းနယ်က လောက်လိုင်ဒေသဘက်မှာ နောက်ထပ်ရောဂါသစ်က လူပေါင်း ၄၀၀ ကျော်ရဲ့ အသက်ကို ခြိမ်းခြောက်လာပြန်တယ်။ လောလောဆယ်တော့ နာဂမှာ သေနေတဲ့ သေလုဆဲဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဆိုသူ နာဂပြည်သူတွေရဲ့ အသက်ကို နိုင်ငံတော်ကို ကိုယ်စားပြု သူတွေက နည်းနည်းလေးဖြစ်ဖြစ် အားထုတ်ပြီး ကြိုးပမ်းကူညီပေးစေလိုပါတယ်” ဟု ဦးရှု မောင်ကပြောသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...