ဖလမ်းမြို့ (၁၂၅) နှစ်ပြည့် အထိမ်းအမှတ် နောက်နှစ်တွင် ကျင်းပမည်

ဖလမ်းမြို့ (၁၂၅) နှစ်ပြည့် အထိမ်းအမှတ် နောက်နှစ်တွင် ကျင်းပမည်
by -
ချင်းဝေါလ်
ဗြိတိသျှတို့ တည်ထောင်ခဲ့သည့် ချင်းပြည်နယ်၊ ဖလမ်းမြို့ နှစ် ၁၂၅ နှစ်ပြည့်မွေးနေ့ကို လာမည့် ၂၀၁၇ ဖေဖော်ဝါရီလတွင် ကျင်းပမည် ဖြစ်သည်ဟု သိရသည်။

falam 300x300ထို့ပြင် ယင်းပွဲနှင့်အတူ ဖလမ်းမြို့ ပြည်သူ့ဆေးရုံ ရာပြည့်အထိမ်းအမှတ်ပွဲနှင့် ၆၉ နှစ်ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားတို့အား ပူးတွဲကျင်းပမည်ဟု သိရသည်။

ဖလမ်းမြို့သည် ချင်းအမျိုးသားတို့၏ သမိုင်းမှတ်တိုင် အမြောက်အများ စိုက်ထူရာ မြို့လည်း ဖြစ်သည်။ ဗြိတိသျှတို့ ချင်းတောင်တန်းအား သိမ်းပိုက်သည့်အခါတွင် နောက်ဆုံးထိပ်တိုက်ရင်ဆိုင်ရာ ဖြစ်ခဲ့ပြီး၊ ဗိုလ်ဆွန်ပက် (ကြွန်ဘိခ်) ၏ တာရွှန်းမျိုးနွယ်စုနှင့် အခြားချင်းမျိုးနွယ်စုများတစုတစည်းတည်း ရင်ဆိုင်ခဲ့ရာ ဒေသလည်း ဖြစ်သည်။ ဗြိတိသျှတို့ ချင်းတောင်တန်းသိမ်းပိုက်ပြီး ၁၈၉၂ မတ်လတွင် ယခုလက်ရှိ ဖလမ်းမြို့ကို ဗြိတိသျှအစိုးရတပ်စခန်းအဖြစ် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ကြွန်ဘိခ်တို့၏ တာရွှန်းရွာမအမည် Fahlam အား ယူကာ ဗြိတိသျှတို့မှ Falam ဖလမ်း ဟု အမည်ခေါ်တွင်ခဲ့လေသည်။

ဖလမ်းမြို့သည် ခရိုင်ဝန်ရုံးအခြေစိုက်ခဲ့ပြီး၊ ချင်းတောင်တပ်ရင်း (Chin Hills Battalion) ၏ ဌာနချုပ်နှင့် ရဲစခန်းများ အခြေစိုက်ရာ ဖြစ်ခဲ့သည်။ ချင်းအမျိုးသားများနှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ ၂၀ တွင် ကျင်းပကြသော ချင်းအမျိုးသားနေ့ဖွားမြင်ရာလည်း ဖြစ်ခဲ့သည်။ ၁၉၆၅ ခုနှစ်တိုင်အောင် ချင်းတို့၏ မြို့တော်အဖြစ် အသုံးတော်ခံခဲ့သည်။

၁၉၉၂ မေလတွင် ဖလမ်းမြို့ နှစ် ၁၀၀ ပြည့်ပွဲတော်အားလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...