ဖလမ်းမြို့ (၁၂၅) နှစ်ပြည့် အထိမ်းအမှတ် နောက်နှစ်တွင် ကျင်းပမည်

ဖလမ်းမြို့ (၁၂၅) နှစ်ပြည့် အထိမ်းအမှတ် နောက်နှစ်တွင် ကျင်းပမည်
by -
ချင်းဝေါလ်
ဗြိတိသျှတို့ တည်ထောင်ခဲ့သည့် ချင်းပြည်နယ်၊ ဖလမ်းမြို့ နှစ် ၁၂၅ နှစ်ပြည့်မွေးနေ့ကို လာမည့် ၂၀၁၇ ဖေဖော်ဝါရီလတွင် ကျင်းပမည် ဖြစ်သည်ဟု သိရသည်။

falam 300x300ထို့ပြင် ယင်းပွဲနှင့်အတူ ဖလမ်းမြို့ ပြည်သူ့ဆေးရုံ ရာပြည့်အထိမ်းအမှတ်ပွဲနှင့် ၆၉ နှစ်ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားတို့အား ပူးတွဲကျင်းပမည်ဟု သိရသည်။

ဖလမ်းမြို့သည် ချင်းအမျိုးသားတို့၏ သမိုင်းမှတ်တိုင် အမြောက်အများ စိုက်ထူရာ မြို့လည်း ဖြစ်သည်။ ဗြိတိသျှတို့ ချင်းတောင်တန်းအား သိမ်းပိုက်သည့်အခါတွင် နောက်ဆုံးထိပ်တိုက်ရင်ဆိုင်ရာ ဖြစ်ခဲ့ပြီး၊ ဗိုလ်ဆွန်ပက် (ကြွန်ဘိခ်) ၏ တာရွှန်းမျိုးနွယ်စုနှင့် အခြားချင်းမျိုးနွယ်စုများတစုတစည်းတည်း ရင်ဆိုင်ခဲ့ရာ ဒေသလည်း ဖြစ်သည်။ ဗြိတိသျှတို့ ချင်းတောင်တန်းသိမ်းပိုက်ပြီး ၁၈၉၂ မတ်လတွင် ယခုလက်ရှိ ဖလမ်းမြို့ကို ဗြိတိသျှအစိုးရတပ်စခန်းအဖြစ် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ကြွန်ဘိခ်တို့၏ တာရွှန်းရွာမအမည် Fahlam အား ယူကာ ဗြိတိသျှတို့မှ Falam ဖလမ်း ဟု အမည်ခေါ်တွင်ခဲ့လေသည်။

ဖလမ်းမြို့သည် ခရိုင်ဝန်ရုံးအခြေစိုက်ခဲ့ပြီး၊ ချင်းတောင်တပ်ရင်း (Chin Hills Battalion) ၏ ဌာနချုပ်နှင့် ရဲစခန်းများ အခြေစိုက်ရာ ဖြစ်ခဲ့သည်။ ချင်းအမျိုးသားများနှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ ၂၀ တွင် ကျင်းပကြသော ချင်းအမျိုးသားနေ့ဖွားမြင်ရာလည်း ဖြစ်ခဲ့သည်။ ၁၉၆၅ ခုနှစ်တိုင်အောင် ချင်းတို့၏ မြို့တော်အဖြစ် အသုံးတော်ခံခဲ့သည်။

၁၉၉၂ မေလတွင် ဖလမ်းမြို့ နှစ် ၁၀၀ ပြည့်ပွဲတော်အားလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...