ချင်းပြည်နယ်အတွင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရန် ခရီးစဉ်မရှိသေး

ချင်းပြည်နယ်အတွင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရန် ခရီးစဉ်မရှိသေး
by -
ချင်းဝောလ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နယ်လှည့်စည်းရုံးရေးများဆောင်ရွက်နေသော်လည်း ချင်းပြည်နယ်အတွင်း မဲဆွယ်စည်းရုံးရန် ခရီးစဉ်မရှိသေးကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ချင်း ပြည်နယ်အတွင်းသဘာဝဘေးဒုက္ခအန္တရာယ် မကျရောက်မီ အချိန်က စည်းရုံးဟောပြောမှုများရှိခဲ့ပြီး လက်ရှိ ရွေးကောက်ပွဲနီးလာသော်လည်း ချင်းပြည်နယ် အတွက် စည်းရုံးရန် အစီအစဉ်မရှိသေးကြောင်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြေကြားသည်။

“ချင်းပြည်နယ်ကို ဥက္ကဋ္ဌအနေနဲ့ မဲဆွယ်စည်းရုံးရေးသွားဖို့ ဘာမှ ပြောသံမကြားသေးဘူး။ သွားမယ့် ရက်တွေ ဘာတွေလည်း မရှိသေးဘူး။ ရေမကြီးခင်ကတော့ စည်းရုံးရေးသွားတာတွေရှိတယ်။ လောလောဆယ်တော့ ချင်းပြည်နယ်ကို စည်းရုံးရေး ဆင်းဖို့ အစီအစဉ် မကြားမိသေးပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲခရီးစဉ်များ ကို အောက်တိုဘာလ ၂ ရက် တွင် စတင်ခဲ့ပြီး မြစ်ကြီးနား၊ ၀ိုင်းမော်၊ နမ္မတီး၊ မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း၊ ဗန်းမော်၊ မိုးမောက်မြို့နယ်များ သို့ သွားရောက်ခဲ့သည်။

ယင်းခရီးစဉ်အတွင်း ရွေးကောက်ပွဲတွင် မိမိတို့ပါတီ အနိုင်ရပါက အခွန်အကောက်ကိစ္စများ ဆောင်ရွက်ရာတွင် ပွင့်လင်းမျှတစွာ ဖြစ်စေရ မည်ဟု ကတိပေးခဲ့သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...