ဒေါ်အောင်ဆန်းစုကြည်သည် ချင်း ပြည်နယ်အတွင်းသဘာဝဘေးဒုက္ခအန္တရာယ် မကျရောက်မီ အချိန်က စည်းရုံးဟောပြောမှုများရှိခဲ့ပြီး လက်ရှိ ရွေးကောက်ပွဲနီးလာသော်လည်း ချင်းပြည်နယ် အတွက် စည်းရုံးရန် အစီအစဉ်မရှိသေးကြောင်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြေကြားသည်။
“ချင်းပြည်နယ်ကို ဥက္ကဋ္ဌအနေနဲ့ မဲဆွယ်စည်းရုံးရေးသွားဖို့ ဘာမှ ပြောသံမကြားသေးဘူး။ သွားမယ့် ရက်တွေ ဘာတွေလည်း မရှိသေးဘူး။ ရေမကြီးခင်ကတော့ စည်းရုံးရေးသွားတာတွေရှိတယ်။ လောလောဆယ်တော့ ချင်းပြည်နယ်ကို စည်းရုံးရေး ဆင်းဖို့ အစီအစဉ် မကြားမိသေးပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲခရီးစဉ်များ ကို အောက်တိုဘာလ ၂ ရက် တွင် စတင်ခဲ့ပြီး မြစ်ကြီးနား၊ ၀ိုင်းမော်၊ နမ္မတီး၊ မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း၊ ဗန်းမော်၊ မိုးမောက်မြို့နယ်များ သို့ သွားရောက်ခဲ့သည်။
ယင်းခရီးစဉ်အတွင်း ရွေးကောက်ပွဲတွင် မိမိတို့ပါတီ အနိုင်ရပါက အခွန်အကောက်ကိစ္စများ ဆောင်ရွက်ရာတွင် ပွင့်လင်းမျှတစွာ ဖြစ်စေရ မည်ဟု ကတိပေးခဲ့သည်။







