ချင်းပြည်နယ်အတွင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရန် ခရီးစဉ်မရှိသေး

ချင်းပြည်နယ်အတွင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရန် ခရီးစဉ်မရှိသေး
by -
ချင်းဝောလ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နယ်လှည့်စည်းရုံးရေးများဆောင်ရွက်နေသော်လည်း ချင်းပြည်နယ်အတွင်း မဲဆွယ်စည်းရုံးရန် ခရီးစဉ်မရှိသေးကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ချင်း ပြည်နယ်အတွင်းသဘာဝဘေးဒုက္ခအန္တရာယ် မကျရောက်မီ အချိန်က စည်းရုံးဟောပြောမှုများရှိခဲ့ပြီး လက်ရှိ ရွေးကောက်ပွဲနီးလာသော်လည်း ချင်းပြည်နယ် အတွက် စည်းရုံးရန် အစီအစဉ်မရှိသေးကြောင်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြေကြားသည်။

“ချင်းပြည်နယ်ကို ဥက္ကဋ္ဌအနေနဲ့ မဲဆွယ်စည်းရုံးရေးသွားဖို့ ဘာမှ ပြောသံမကြားသေးဘူး။ သွားမယ့် ရက်တွေ ဘာတွေလည်း မရှိသေးဘူး။ ရေမကြီးခင်ကတော့ စည်းရုံးရေးသွားတာတွေရှိတယ်။ လောလောဆယ်တော့ ချင်းပြည်နယ်ကို စည်းရုံးရေး ဆင်းဖို့ အစီအစဉ် မကြားမိသေးပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲခရီးစဉ်များ ကို အောက်တိုဘာလ ၂ ရက် တွင် စတင်ခဲ့ပြီး မြစ်ကြီးနား၊ ၀ိုင်းမော်၊ နမ္မတီး၊ မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း၊ ဗန်းမော်၊ မိုးမောက်မြို့နယ်များ သို့ သွားရောက်ခဲ့သည်။

ယင်းခရီးစဉ်အတွင်း ရွေးကောက်ပွဲတွင် မိမိတို့ပါတီ အနိုင်ရပါက အခွန်အကောက်ကိစ္စများ ဆောင်ရွက်ရာတွင် ပွင့်လင်းမျှတစွာ ဖြစ်စေရ မည်ဟု ကတိပေးခဲ့သည်။

Most read this week

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...