“ဒီလိုမျိုးလုပ်တာကတော့ အစိုးရနဲ့ လူမှုအဖွဲ့အစည်းများအကြား ပိုမိုရင်းနှီးမှုရှိလာအောင် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်။ တခြားပြည်နယ်တွေမှာလည်း လုပ်ခဲ့တယ်”ဟု UNDP မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
သင်တန်းသို့ ချင်းပြည်နယ် မြို့နယ်အသီးသီးမှ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မီဒီယာအဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး တက်ရောက်သူ သင်တန်းသူ/ သင်တန်းသား ၃၀ ဦး ရှိကြောင်း သိရသည်။
ဌာနဆိုင်ရာများမှ အဓိက ပြန်ကြားရေးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးရုံးမှ မြို့နယ်အလိုက် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်တန်းတက်ရောက်သူတစ်ဦးဖြစ်သည့် ဆလိုင်းဘန်နီဇာက “ဒီလိုသင်တန်းကနေ နောက်ပိုင်း ကိုယ့်လူမှုအဖွဲ့စည်းထဲမှာဖြစ် တဲ့ ပြဿနာတွေကို ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းမှ အောင်မြင်မလဲ ဆိုတာတွေ သင်လိုက်ရတော့ လက်တွေ့မှာလည်း ကျင့်သုံးလာနိုင်မယ်လို့ ထင်တယ်”ဟု ပြောသည်။
သင်တန်းတက်ရောက်သူ ဟားခါးခရိုင်ပြန်ကြားရေးဌာန ခရိုင်မှူး ဆရာမ နွမ်ကလည်း “ဒီလို သင်တန်းမျိုးကတစ်ဆင့် အစိုးရနဲ့ လူထုအကြား ပိုမိုရင်းနှီးစေမယ့်လမ်းကြောင်းကို ဖန်တီးပေးနိုင်မှာလို့ ယုံကြည်ပါတယ်” ဟုပြောသည်။
Dialogue facilitation Skills Training ကို UNDP နှင့် Strong UN Better World (SUNBW) အဖွဲ့အစည်းများ၏ အကူအညီဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။







