အစိုးရနှင့် လူမှုအဖွဲ့အစည်းများအကြား ပိုမိုရင်းနှီးမှုတည်ဆောက်နိုင်ရန် ဟားခါးတွင် သင်တန်းပြုလုပ်

အစိုးရနှင့် လူမှုအဖွဲ့အစည်းများအကြား ပိုမိုရင်းနှီးမှုတည်ဆောက်နိုင်ရန် ဟားခါးတွင် သင်တန်းပြုလုပ်
by -
ချင်းဝေါလ်
အစိုးရနှင့် လူမှုအဖွဲ့အစည်းများအကြား ပိုမိုရင်းနှီးမှုရရှိနိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းခြင်းဆိုင်ရာ ကူညီပံ့ပိုးခြင်းအရည်အသွေးမြှင့် သင်တန်း ( Dialogue Facilitation Skills Training) ကို ဟားခါးမြို့နယ်၊ HBA ခန်းမတွင် ၁၀ ရက်နေ့ နှင့် ၁၁ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

“ဒီလိုမျိုးလုပ်တာကတော့ အစိုးရနဲ့ လူမှုအဖွဲ့အစည်းများအကြား ပိုမိုရင်းနှီးမှုရှိလာအောင် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်။ တခြားပြည်နယ်တွေမှာလည်း လုပ်ခဲ့တယ်”ဟု UNDP မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သင်တန်းသို့ ချင်းပြည်နယ် မြို့နယ်အသီးသီးမှ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မီဒီယာအဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး တက်ရောက်သူ သင်တန်းသူ/ သင်တန်းသား ၃၀ ဦး ရှိကြောင်း သိရသည်။

ဌာနဆိုင်ရာများမှ အဓိက ပြန်ကြားရေးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးရုံးမှ မြို့နယ်အလိုက် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်တန်းတက်ရောက်သူတစ်ဦးဖြစ်သည့် ဆလိုင်းဘန်နီဇာက “ဒီလိုသင်တန်းကနေ နောက်ပိုင်း ကိုယ့်လူမှုအဖွဲ့စည်းထဲမှာဖြစ် တဲ့ ပြဿနာတွေကို ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းမှ အောင်မြင်မလဲ ဆိုတာတွေ သင်လိုက်ရတော့ လက်တွေ့မှာလည်း ကျင့်သုံးလာနိုင်မယ်လို့ ထင်တယ်”ဟု ပြောသည်။

သင်တန်းတက်ရောက်သူ ဟားခါးခရိုင်ပြန်ကြားရေးဌာန ခရိုင်မှူး ဆရာမ နွမ်ကလည်း “ဒီလို သင်တန်းမျိုးကတစ်ဆင့် အစိုးရနဲ့ လူထုအကြား ပိုမိုရင်းနှီးစေမယ့်လမ်းကြောင်းကို ဖန်တီးပေးနိုင်မှာလို့ ယုံကြည်ပါတယ်” ဟုပြောသည်။

Dialogue facilitation Skills Training ကို UNDP နှင့် Strong UN Better World (SUNBW)  အဖွဲ့အစည်းများ၏ အကူအညီဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...