ချင်းဘာသာ အစီအစဉ် (အောက်တိုဘာလ ၁၃၊ ၂၀၁၇)

ချင်းဘာသာ အစီအစဉ် (အောက်တိုဘာလ ၁၃၊ ၂၀၁၇)
မင်းတပ်မြို့ပေါ်က လမ်းမကြီးတွေကို တိုးချဲ့တော့မှာဖြစ်တဲ့အတွက် တိုးချဲ့ဧရိယာနဲ့မလွတ်ကင်းတဲ့ နေအိမ်တွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။ ဖလမ်းမြို့နယ်တွင်းမှာရှိတဲ့ ဝေဘူလကျေးရွာကို မြို့အဖြစ်တိုးမြှင့်နိုင်ဖို့အတွက် ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းမှာ သတ်မှတ်လိုင်စင်နဲ့ မမောင်းတဲ့ယာဉ်မောင်းတွေကို ဒဏ်ငွေပေးဆောင်ခိုင်းရာမှာ မမျှတဘူးလို့ ကားဆရာတွေက ပြောပါတယ်။ ဖလမ်းမြို့ပေါ် ရေပေးဝေမှုကို ကျပ်သန်း ၅,၀၀၀ အသုံးပြုပြီး တစ်နှစ်အတွင်း အပြီးဆောင်ရွက်သွားမယ်လို့ ချင်းပြည်နယ်စည်ပင်ညွှန်ကြားရေးမှူးက ပြောပါတယ်။ မင်းတပ်မြို့နယ်အတွင်းမှာရှိတဲ့ မကွီအိမ်နူးကျေးရွာနဲ့ ထန်တလန်မြို့နယ်အတွင်းမှာရှိတဲ့ နှာရိန်ကျေးရွာကို မြို့အဖြစ် တိုးမြှင့်လိုက်ပါတယ်။
May 11, 2026
- ဗုံးသီးတွေထုတ်တဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲက ကပစ ၁၆ နားမှာ စစ်တပ်နဲ့ AA...
May 11, 2026
- နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) လုပ်ဆောင်တဲ့အခါ ငွေသိန်းနဲ့ချီတောင်းခံနေတဲ့...
May 10, 2026
- အေအေထိန်းချုပ်ထားတဲ့ ဂွမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးတွေ အလုံးအရင်းနဲ့ လာကြဲသွားတဲ့အတွက်...
May 9, 2026
- မွန်ဒေသအတွင်းမှာရှိတဲ့ ပြည်သူလူထုတွေအနေနဲ့ လူထုအခက်အခဲကို လာရောက်တင်ပြကြဖို့ MUP အမတ်တွေကနေ...