Published
Friday, October 13, 2017
ချင်းဘာသာ အစီအစဉ် (အောက်တိုဘာလ ၁၃၊ ၂၀၁၇)
မင်းတပ်မြို့ပေါ်က လမ်းမကြီးတွေကို တိုးချဲ့တော့မှာဖြစ်တဲ့အတွက် တိုးချဲ့ဧရိယာနဲ့မလွတ်ကင်းတဲ့ နေအိမ်တွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
ဖလမ်းမြို့နယ်တွင်းမှာရှိတဲ့ ဝေဘူလကျေးရွာကို မြို့အဖြစ်တိုးမြှင့်နိုင်ဖို့အတွက် ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းမှာ သတ်မှတ်လိုင်စင်နဲ့ မမောင်းတဲ့ယာဉ်မောင်းတွေကို ဒဏ်ငွေပေးဆောင်ခိုင်းရာမှာ မမျှတဘူးလို့ ကားဆရာတွေက ပြောပါတယ်။
ဖလမ်းမြို့ပေါ် ရေပေးဝေမှုကို ကျပ်သန်း ၅,၀၀၀ အသုံးပြုပြီး တစ်နှစ်အတွင်း အပြီးဆောင်ရွက်သွားမယ်လို့ ချင်းပြည်နယ်စည်ပင်ညွှန်ကြားရေးမှူးက ပြောပါတယ်။
မင်းတပ်မြို့နယ်အတွင်းမှာရှိတဲ့ မကွီအိမ်နူးကျေးရွာနဲ့ ထန်တလန်မြို့နယ်အတွင်းမှာရှိတဲ့ နှာရိန်ကျေးရွာကို မြို့အဖြစ် တိုးမြှင့်လိုက်ပါတယ်။






