Published
Sunday, July 16, 2017
မြန်မာဘာသာ အစီအစဉ် (ဇူလိုင်လ ၁၆၊ ၂၀၁၇)
ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းတပ်မတော် TNLA တို့ စစ်ရေးတင်းမာမှုကြောင့် ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်က ပြည်သူတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။
ထိုုင်းမြန်မာနယ်စပ်မှာရှိတဲ့ ကရင်ဒုုက္ခသည်စခန်း ရ ခုုမှာ နေထိုုင်ကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ယူ သွားဖို့ ဆုံုးဖြတ်ခဲ့ကြပါတယ်။
NCA လက်မှတ်ရေးထိုးခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ အစိုးရစစ်တပ်တို့ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S ဖွဲ့စည်းဖို့ အခုအထိ အကောင်အထည် မဖော်နိုင် သေးပါဘူး။






