Published
Thursday, June 22, 2017
ကရင်နီဘာသာ အစီအစဉ် (ဇွန်လ ၂၂၊ ၂၀၁၇)
ရှားတောမြို့နယ် ပြည်သူ့ဆေးရုံကြီးကို လွန်ခဲ့တဲ့နှစ်က စတင်ဖွင့်လှစ်ခဲ့ပေမယ့် မိုးရာသီရောက်တိုင်း မိုးယိုတဲ့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
န.တ.လရဲ့ ယခုနှစ် ဖွံ့ဖြိုးရေးစီမံကိန်းဟာ ယခင်နှစ်ဘတ်ဂျက်ထက် ပိုနည်းတယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
ကရင်နီပြည်ကနေ ထိုင်းနယ်စပ်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းမှာ စစ်ပြေးဒုက္ခသည်အဖြစ် လာရောက်နေထိုင်ကြတာ နှစ်ပေါင်း ၃၀ ဝန်းကျင် ရှိပါပြီ။ ယခုလက်ရှိမှာတော့ နေရပ်ပြန်ရေး၊ မပြန်ရေးအတွက် အမျိုးသမီးတွေအနေနဲ့ ဘယ်လိုစိုးရိမ်မှုတွေ ရှိနေပါသလဲ။






