Published
Monday, May 29, 2017
မြန်မာဘာသာ အစီအစဉ် (မေလ ၂၈၊ ၂၀၁၇)
အစိုုးရနဲ့ NCA အပစ်ရပ်လက်မှတ်မရေးထုုိးကြရသေးတဲ့ တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး တပ်ပေါင်းစုုအဖွဲ့က ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုု ပင်လုံု ဒုုတိယအကြိမ် အစည်းအဝေးကို ဘာလို့ မတက်ရောက်ခဲ့ကြတာပါလဲ။
လေပြင်းဒဏ်ကြောင့် နေအိမ်ပျက်စီးသွားတဲ့ ကချင်ပြည်နယ် ပြည်သူတွေဟာ ပြန်လည်နေထိုုင်ရေးအတွက် ရုုန်းကန်နေကြရတာကြောင့် တောင်ယာလုပ်ငန်း မလုပ်ကိုင်နိုင်ပဲ အစားအစာ ပြတ်လတ်မှာ စိုးရိမ်နေကြပါတယ်။
ရခိုုင်ပြည်နယ်မှာ စက်မှုဇုန်လုပ်မယ်ဆိုပြီးတော့ သိမ်းယူထားခဲ့တဲ့ လယ်ယာ မြေတွေကိုပြန်ပေးဖို့ စစ်တွေမြို့နယ်က လယ်သမားတွေ တတိယအကြိမ် ဆန္ဒပြတောင်းဆိုလိုက်ပါတယ်။






