Published
Monday, May 01, 2017
မြန်မာဘာသာ အစီအစဉ် (ဧပြီလ ၃၀၊ ၂၀၁၇)
မွန်ပြည်နယ်မှာတော့ မော်လမြိုင်နဲ့ ချောင်းဆုံကို ဆက်သွယ်ထားတဲ့ တံတားကို မူလနာမည် သံလွင်တံတား(ချောင်းဆုံ)လို့ ပြန်ပေးဖို့ စုပေါင်းလက်မှတ်ရေးထိုးပြီး တောင်းဆိုသွားကြမယ်လိုု့ ပြောပါတယ်။
ကချင်ပြည်နယ်က မြစ်ဆုံရေကာတာစီမံကိန်း လုံးဝ ရပ်ဆိုင်းသွားမယ်ဆိုုရင် ကို်ယ့်နေရပ်ကို ပြန်မယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ကရင်ပြည်နယ်က မြိုင်ကြီးငူ အထူးဒေသမှာ လာရောက်ခိုလှံှုနေကြတဲ့ ဒေသခံပြည်သူ ၅,၀၀၀ ထောင်ကျော်ဟာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ စတင်ကြံုတွေ့နေကြရပါတယ်။






