Published
Sunday, April 23, 2017
မြန်မာဘာသာ အစီအစဉ် (ဧပြီလ ၂၃၊ ၂၀၁၇)
ပန်ခမ်းမြို့မှာ ကျင်းပခဲ့တဲ့ တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေးအဖွဲ့ ရ ဖွဲ့ရဲ့ စတုုတ္တအကြိမ် မျက်နှာစုံုညီ အစည်းအဝေးကနေပြီး အစိုုးရနဲ့ တွေ့ဆုံု ဆွေးနွေးမယ်ဆိုရင်လည်း တစ်ဖွဲ့ချင်း မဆွေးနွေးတော့ဘူးလို့ ဆုံုးဖြတ်ခဲ့ကြပါတယ်။
ရှမ်းပြည်နယ်မှာတော့ ကျောက်မီးသွေး လာရောက်တူးဖော်တဲ့ ကုုမ္ဗဏီတွေကိုု ဒေသခံပြည်သူတွေက ဆုတောင်းကျိန်စာတိုက်ပွဲနဲ့အတူ ဆန္ဒပြခဲ့ကြပါတယ်။
ကချင်ပြည်နယ်က အင်ဂျန်းယန်မြို့နယ်မှာ ကျေးရွာတချို့ လေးပြင်း တိုုက်ခိုုက်မှုဒဏ်ခံခဲ့ရလိုု့ နေအိမ်အတော်များများ လုံးဝ ပျက်စီးသွားခဲ့ရပြီး စားဝတ်နေရေးအတွက် အကူအညီတွေ လိုုအပ်နေပါတယ်။






