Published
Tuesday, April 18, 2017
မွန်ဘာသာ အစီအစဉ် (ဧပြီလ ၁၇၊ ၂၀၁၇)
အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ မေလ ပထမပတ်အတွင်း ဒုတိယအကြိမ် IT နည်းပညာဟောပြောပွဲတစ်ရပ် မော်လမြိုင်မြို့ပေါ်မှာ ကျင်းပပါတော့မယ်။
တိုင်းရင်းသားလူမျိုးများ လူဦးရေစာရင်းကို ၂၀၁၄ သန်းခေါင်စာရင်းကနေ ထုတ်ပြန်ပေးခဲ့တာမရှိတာကြောင့် ထုတ်ပြန်ချက်ကို စောင့်ကြည့်ရမယ်လို့ တနင်္သာရီတိုင်း မွန်လူဦးရေ စာရင်းအမှန် ကောက်ယူရေးအဖွဲ့ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။
မွန်ပြည်နယ်အတွက် NLD အစိုးရရဲ့ ၁ နှစ်တာကာလ လုပ်ဆောင်ချက်နဲ့ ‘ဗိုလ်ချုပ်အောင်ဆန်းတံတား’ နာမည် သတ်မှတ်လိုက်တဲ့အပေါ် မွန်လွှတ်တော် ဒု-ဥက္ကဋ္ဌ နဲ့ မေးမြန်းထားတာကိုလည်း တင်ဆက်ပေးပါ့မယ်ခင်ဗျား။






