Published
Sunday, January 01, 2017
ကချင်ဘာသာ အစီအစဉ် (ဒီဇင်ဘာ ၃၁၊ ၂၀၁၆)
KIO/KIA ရဲ့ တပ်စခန်းတစ်ခုဖြစ်တဲ့ လိုင်ဖောင်တပ်စခန်းကို အစိုးရတပ်မတော်က သိမ်းပိုက် လိုက်ပြီ ဖြစ်ပါတယ်။
လိုင်ဖောင်တပ်စခန်းအနီးက ဒုက္ခသည်စခန်းတွေထဲ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တဲ့ အတွက် ဒုက္ခသည် ၂,၀၀၀ ကျော် တရုတ်-မြန်မာနယ်စပ်တစ်လျှောက် ထွက်ပြေးနေကြရပါတယ်။
မြစ်ကြီးနား-တနိုင်းလမ်းမပေါ်တွင် အစိုးရတပ်မတော် စစ်ကြောင်းကို ဓါတ်ပုံရိုက်ခဲ့သူ တစ်ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့ရာ အနားက ဒေသခံအမျိုးသမီး တစ်ဦးကို ထိမှန်ခဲ့ပါတယ်။






