Published
Wednesday, December 28, 2016
ကရင်ဘာသာအစီအစဉ် (ဒီဇင်ဘာ ၂၈၊ ၂၀၁၆)
၁၆ ကြိမ်မြောက် (KNU) ကွန်ဂရက်မှာ ပြည်တွင်းက ကရင်နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းနဲ့ ပြည်ပကနေ ပြန်လာတက်ရောက်မယ့်သူတွေကို လေ့လာသူအဖြစ်သာ တက်ရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တိုက်ပွဲတွေကြောင့် မြိုင်ကြီးငူဒေသမှာ ယာယီခိုလှုံနေတဲ့ မဲ့သဝေါဒေသက ဒုက္ခသည် ၅,၀၀၀ ကျော်ဟာ အိမ်မပြန်နိုင်သေးတဲ့အတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေ လိုအပ်နေပါတယ်။
အရင် စစ်တပ်ရဲ့ အတင်းအဓမ္မပြောင်းရွေ့ခံခဲ့ရတဲ့ ရာနဲ့ချီတဲ့ နောင်ဘိုရွာသားတွေဟာ သူများပိုင်လယ်မြေပေါ်မှာ နေထိုင်ခဲ့ကြပြီး အခုကာလမှာတော့ လယ်ပိုင်ရှင်တွေအနေနဲ့ မိမိတို့ လယ်မြေကို ပြန်လိုချင်နေကြပါတယ်။






