Published
Wednesday, July 06, 2016
ကရင်ဘာသာ အစီအစဉ် (ဇူလိုင် ၆၊ ၂၀၁၆)
ကော့လုံကျွန်းပေါ်က ကိုမောင်ကျေးရွာအုပ်စုမှာ တည်ဆောက်သွားမယ့် ကျေးလက် ကျန်းမာရေးဌာန အဆောက်အဦးကို မူလအများသဘောတူ ဆုံးဖြတ်ထားတဲ့ နေရာမှာပဲ ဆက်လက်တည်ဆောက်သွားဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။
ကရင်ပြည်နယ်အတွင်း မိုင်းအန္တရာယ် ကင်းရှင်းဖို့ ရည်ရွယ်ပြီး မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးတစ်ခုကို ဖားအံမြို့မှာပြုလုပ်ကျင်းပခဲ့ပါတယ်။
ကရင်လူငယ်အစည်းအရုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့အသစ်ကိုရွေးကောက်တင်မြောက်ပြီးစီးခဲ့တာတွေ အပါအဝင် အခြားသတင်းတွေကိုလည်း တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။






