Published
Saturday, May 14, 2016
ရခိုင်ဘာသာ အစီအစဉ် (မေ ၁၄၊ ၂၀၁၆)
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ အောင်မြင်မှုမရခဲ့တဲ့ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို အစိုးရက ကူညီပေးဖို့အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်ကပဲ အတည်ပြုလိုက်ပါတယ်။
နှစ် (၇ဝ)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားမှာ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က မီးလောင်မှုတွေကြောင့် လူ ၃ ယောက်သေဆုံးပြီး ကျပ်သန်းပေါင်း ၂ဝဝ နီးပါးလောက် ပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်လို့ မီးသတ်ဦးစီးဌာနကပြောပါတယ်။
ရခိုင်ပြည်နယ်က ဆားလုပ်ငန်းအခြေအနေဟာ အခုလက်ရှိမှာ ရပ်တန့်နေရတဲ့အထိ ကျဆင်းနေရတာဟာ ဘာကြောင့်လဲ။ ဒီသတင်းတွေနဲ့အတူ ရခိုင်ပြည်နယ်ထဲက တခြား စိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။






