Published
Sunday, May 01, 2016
မြန်မာဘာသာ အစီအစဉ် (မေ ၁၊ ၂၀၁၆)
ရခိုုင်ပြည်နယ်မှာ တုုိက်ပွဲတွေဖြစ်ပွားနေတာကြောင့် စစ်ဘေးဒုုက္ခသည်တွေ အရေးပေါ်အကူအညီတွေ လိုုအပ်နေပြီး လုံုခြံုရေးတင်းကြပ်မှုတွေလည်း ရှိနေပါတယ်။
ကရင်ပြည်နယ်မှာ အသိမ်းခံထားရတဲ့ ကျေးရွာလေးရွာက မြေဧက ၅ ထောင်ကျော်အတွက် ဒေသခံပြည်သူတွေက လျှော်ကြေးအပြည့်အဝလိုုချင်ကြောင်း ပြောဆိုုနေကြပါတယ်။
ကယား(ကရင်နီ)ပြည်နယ်မှာတော့ တောင်သူတွေရဲ့ ပြဿနာကိုု ဖြေရှင်းပေးဖိုု့ ပထမဆုံုးအကြိမ် တစ်ပြည်လုံုးအတိုုင်းအတာနဲ့ အစိုုးရထံ တောင်းဆိုုလုုိက်တယ် ဆိုုတာတွေနဲ့အတူ တိုုင်းရင်းသား ဒေသက စိတ်ဝင်စားစရာ သတင်းတွေကိုု တင်ပြပေးသွားမှာ ဖြစ်ပါတယ်။






