ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်

ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်
by -
မဇ္ဈိမ
“Business for Peace” (ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ ) အမည်ရှိ ဆွေးနွေးပွဲတစ်ခုကို ဧပြီလ ၄ ရက်နေ့က ရန်ကုန်မြို့ UMFCCI တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို ပါမောက္ခဒေါက်တာအောင်ထွန်းသက် ဦးဆောင်ပြီး ဦးမျိုးဝင်းရီ၊ ဒေါက်တာ ထွန်းသူရသက်၊ ဒေါ်ခိုင်ခိုင်နွယ် နှင့် ဒေါ်မီမီမျိုးဝင်းတို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး  ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းလုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ရှာဖွေကူညီနိုင်ရန် အဓိကထား ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက “ဒီ Statement of Support ဆိုတာ လက်မှတ်ထိုးတယ်။ အဲဒါဘာလုပ်တာလဲဆိုတော့ ငြိမ်းချမ်းရေးနဲ့ ကျွန်တော်တို့ လက်တွဲပြီးတော့ အဖြေရရှိဖို့ကို စဉ်ဆက်မပြတ် အစီအစဉ်ရယူဖို့အတွက် ငြိမ်းချမ်းရေးအတွက်မှာ ကျွန်တော်မဖြစ်မနေ စီးပွားရေးလုပ်ငန်းတွေက အရေးကြီးတယ်ဆိုတာ ဒီကနေ့မှာ ပြောသွားတယ်” ဟုပြောသည်။

အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကလည်း ယခုဆွေးနွေးပွဲသည် ခြေလှမ်းအစသာ ဖြစ်သေးကြောင်း ပြောသွားခဲ့သည်။

“ကျွန်မတို့ ဒီနေ့ပြောတဲ့ဟာက ငြိမ်းချမ်းရေးရှိရင် စီးပွားရေး၊ စီးပွားရေးအတွက် ငြိမ်းချမ်းရေး အဓိက ကျသလို ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲဖို့ကလည်း စီးပွားရေးက အဓိကကျတယ်။ အခု ဒီနေ့ ကျွန်မတို့ ဆွေးနွေးတာက ငြိမ်းချမ်းရေးအတွက် စီးပွားရေးဟာ Complementary အနေနဲ့ ကျွန်မတို့ ဘယ်လို ပံ့ပိုးရမလဲဆိုတာ ဆွေးနွေးတာပါရှင့်” ဟုပြောသည်။

ဆွေးနွေးပွဲ၏ အကျိုးကျေးဇူးနှင့် လိုအပ်ချက်များကို MIT ၏ CEO ဦးထွန်းသူရသက်က မဇ္စျိမကို ယခုလို ပြောသည်။

“အဓိကတော့ ဒီ Business for Peace ပေါ့။ ငြိမ်းချမ်းရေးအတွက်ကို စီးပွားရေးလုပ်ငန်းတွေ ဦးစီးပါဝင်တဲ့ဟာမျိုးကို လုပ်ဖို့အတွက် National Agenda ပေါ့။ အမျိုးသားစီမံကိန်းတစ်ခုအဖြစ် လုပ်မယ်ဆိုရင်တော့ ဒါ အရမ်းအကျိုးရှိတာပေါ့။ ဒါ အစိုးရအနေနဲ့ ဦးဆောင်ပြီးတော့ လုပ်ငန်းကဏ္ဍတွေ စီးပွားရေးလုပ်ငန်းရှင်တွေက ပါဝင်မောင်းနှင်တဲ့ ဒီ Policy တစ်ခု ဖြစ်စေချင်ပါတယ်” ဟုပြောသည်

စီးပွားရေးသည်  ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့်အတွက် စီးပွားရေးသမားများအနေဖြင့် လက်တွေ့ကျကျ အလုပ်လုပ်ကြရန်  ဦးဆောင်ဆွေးနွေးသူ ဒေါက်တာအောင်ထွန်းသက်က ဆွေးနွေးပွဲတွင် တိုက်တွန်းသွားခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် စီးပွားရေးလုပ်ငန်းများအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့တွင် အထောက်အကူဖြစ်စေမည့် အခန်းကဏ္ဍ ပါဝင်ဆောင်ရွက်နိုင်ရန် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းတို့ သက်သေပါဝင်ကာ ကုန်သည်စက်မှုအသင်းချုပ် နှင့် United Nations Global Compact Network Myanmar တို့က  ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာရေးထိုးခဲ့ကြသည်။

လက်ရှိအခြေအနေတွင် ယခုဆွေးနွေးပွဲသည် မိတ်ဆက်သည့်အဆင့်သာရှိသေးပြီး စိတ်ပါဝင်စားသူ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပူးပေါင်းလာစေရန်  ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...