ကယားပြည်နယ် ဥက္ကဋ္ဌနှင့် ဖရူဆို မြို့နယ် ဥက္ကဋ္ဌတို့ကို NLD ပါတီတာဝန်များမှ ရပ်ဆိုင်း

ကယားပြည်နယ် ဥက္ကဋ္ဌနှင့် ဖရူဆို မြို့နယ် ဥက္ကဋ္ဌတို့ကို NLD ပါတီတာဝန်များမှ ရပ်ဆိုင်း
by -
မဇ္ဈိမ
ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းဖို့ နောက်ကျမှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ကယားပြည်နယ်ဥက္ကဌဖြစ်သူ ဒေါက်တာခင်စည်သူနှင့် ဖရူဆိုမြို့နယ်ဥက္ကဋ္ဌ ဖြစ်သူ ဦးပဲ့ဒူတို့ကို ပါတီတာဝန်မှ ရပ်ဆိုင်းကြောင်း NLD ပါတီက ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

"ပြီးခဲ့တဲ့သုံးလလောက်က စစ်ဆေးပြီးပြီ၊ အဲ့ဒီစစ်ဆေးချက်အရ CEC က ဆုံးဖြတ်တာပါ၊ ပါတီတာဝန်များက ရပ်ဆိုင်းတာပါ၊ သာမန်ပါတီဝင်အဖြစ်တော့ ရှိနေမှာပါ" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက မဇ္စျိမကို အတည်ပြုပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ထုတ်ပြန်ချက်တွင် ဧပြီလ ၂ ရက်က ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒေါက်တာခင်စည်သူနှင့် ဦးပဲ့ဒူတို့ နှစ်ဦးကို ပါတီတာဝန်ကနေ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ကယားပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာခင်စည်သူ နှင့် ဦးပဲ့ဒူတို့အား မဇ္စျိမမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပေ။

NLD အနေဖြင့် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကယားပြည်နယ်လွှတ်တော်က ၀င်ပြိုင်မည့် ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)က ၀င်ပြိုင်မည့် ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းမှု နောက်ကျခဲ့ခြင်းကြောင့် ရွေးကောက်ပွဲ ယှဉ်ပြိုင်မှု မရခဲ့ပေ။

ယင်းအတွက်ကြောင့် ပြီးခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲ၌ ၁၉ နေရာကျင်းပခဲ့ရာ NLD အနေဖြင့် ၁၈ နေရာပဲ ၀င်ပြိုင်ခဲ့ရသည်။ NLD ၀င်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့သည့် ဖရူဆိုမဲဆန္ဒယ်အမှတ်(၁) တွင် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီမှ ဦးသဲရယ်က အနိုင်ရရှိခဲ့သည်

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...