ကြားဖြတ်ရွေးကောက်ပွဲ လူစိတ်ဝင်စားမှုနည်းခြင်းမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ ကတိပျက်မှု ကြောင့်ဟု သုံးသပ်

ကြားဖြတ်ရွေးကောက်ပွဲ လူစိတ်ဝင်စားမှုနည်းခြင်းမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ ကတိပျက်မှု ကြောင့်ဟု သုံးသပ်
by -
မဇ္ဈိမ
အမ်းမြို့နယ်အတွင်း ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက် ပြီး ဒေသခံလူထု စိတ်ဝင်စားမှု အလွန်နည်းပါးရခြင်းမှာ လူထု၏ စားဝတ်နေရေး၊ ပညာရေးများနှင့် သက်ဆိုင်သလို ယခင်လွှတ်တော် ကိုယ်စားလှယ်များ မဲဆွယ်စည်းရုံးစဉ် က ပြောခဲ့သည့်ကတိကဝတ် ပျက်ကွက်မှုများကြောင့် ဖြစ်သည်ဟု တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းအောင်က ပြောလိုက်သည်။

“ကြားဖြတ်းရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှု နည်းတာက ယခင် ရွေးကောက်ပွဲနှစ်ကြိမ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပေးအပ်ခဲ့တဲ့ ကတိကဝတ်တွေဟာ လူထုဆီကို ရောက်မလာဘူး။ တစ်ချို့လွှတ်တော်ကိုယ်စားလှယ်တွေ ဆိုရင် မဲဆန္ဒနယ်ကိုတောင် ပြန်မရောက်တော့တာတွေ ရှိတယ်။ ဆိုတော့ လူထုက သူတို့အတွက် ဘာမှမထူးသလို ခံယူသွားတယ်”ဟု ဆက်လက်ပြောသည်။

ယင်းအပြင် ဆင်းရဲနွမ်းပါးသည့် အမ်းလူထုအများစုတို့မှာ မိမိတို့စားဝတ်နေရေးကိုသာ ဦးစားပေးဖြေရှင်းနေကြရသည့် အခက်အခဲများနှင့် နပန်းလုံးနေကြရသဖြင့် တခြားကိစ္စရပ်များကို မိမိတို့အတွက် အရေးကြီးသည့် ကိစ္စရပ်တစ်ခုအနေဖြင့် အချိန်မပေးနိုင်ခြင်း၊ မဲပေးခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများကိုလည်း တိုးမြှင့်လုပ်ဆောင်ရန် လိုအပ် လျှက်ရှိကြောင်း သိရသည်။

“လောလောဆယ်ကတော့ ပြည်သူတွေရဲ့မဲတွေမဆုံးရှုံးရအောင် မလာနိုင်တဲ့မဲဆန္ဒရှင်တွေကို လာနိုင်အောင်၊ မပေးနိုင်တဲ့ သူတွေကို ပေးနိုင်လာအောင် လုပ်ဆောင်ဖို့လိုပါတယ်။ ဒါမှမဟုတ်ရင် တစ်ချို့မဲတွေဟာ ဆုံးရှုံးသွားနိုင်ပါတယ်”ဟု အမ်း မြို့ခံ ကျောင်းဆရာအငြိမ်းစား ဦးခင်မောင်ဝင်းက သုံးသပ်ပြောခဲ့သည်။

လက်ရှိအချိန်တွင် ကြိုတင်မဲပေးမှုများကို ဆောင်ရွက်လျှက်ရှိပြီး မတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီ အချိန်ကစတင်ကာ ကြိုတင်မဲပေးခြင်းကို ရပ်တန့်လိုက်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...