မုုိင်းရှူးတွင် ရွေးကောက်ပွဲကျင်းပရန် ရွေးကောက်ပွဲကော်မရှင်ထံ ဆုံုးဖြတ်ချက် တောင်းခံထား

မုုိင်းရှူးတွင် ရွေးကောက်ပွဲကျင်းပရန် ရွေးကောက်ပွဲကော်မရှင်ထံ ဆုံုးဖြတ်ချက် တောင်းခံထား
by -
မဇ္ဈိမ
ရှမ်းပြည်နယ်အရှေ့ုပုုိင်း လွိုင်လင်ခရုုိင် မုုိင်းရှူးမြို့နယ်အတွင်းရှိ ကျေးရွာအုုပ်စုု ၃ ခုုတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ပြည်ထောင်စုု ကော်မရှင်သိုု့ စာပေးပိုု့၍ ဆုံုးဖြတ်ချက် တောင်းဆုုိလုုိက်သည်ဟု သိရသည်။

ရှမ်းပြည်မြောက်ပုုိင်း တပ်မတော်(SSPP/SSA) လှုပ်ရှားနေသော နယ်မြေဖြစ်၍ လုံုခြံုမှု မရှိဟုုဆုုိကာ အာဏာရ အမျိုးသားဒီမုုိကရေစီ အဖွဲ့ချုပ် (NLD)ပါတီ၏ ကုုိ်ယ်စားလှယ်များက ခရုုိင်ကော်မရှင်သုုိ့ ကန့်ကွက်မှုအပေါ် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၂၄ ရက်နေ့ ညနေပုုိင်းတွင် အစည်းအဝေး ကျင်းပ၍ ပြည်ထောင်စုု ရွေးကောက်ပွဲ ကော်မရှင်ထံ စာပေးပုုိ့လုုိက်သည်ဟုု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးစုုိင်းထွန်းမြက ပြောသည်။

“ကျွန်တော်တိုု့ ဝင်ပြိုင်မဲ့ ပါတီ လေးခုကုုိ သဘောမှတ်ချက်တောင်းတဲ့အခါမှာ ကျားဖြူ၊ ကျားခေါင်း၊ ပြည်ခုုိင်ဖြိုးပါတီ ၃ ခုုက ပြိုင်သင့်တယ်ဆုုိပြီးတော့ ပြောတယ်ပေါ့။ မနေ့က ဆုံုးဖြတ်ချက်ချပြီးတော့ စာပုုိ့လုုိက်ပြီ။ ကျင်းပဖိုု့ ဆန္ဒပြုတဲ့ ပါတီတွေလည်း များတယ်။ ပြည်သူလူထုုကလည်း ကျင်းပချင်တဲ့ ဆန္ဒရှိတယ်။ ရပ်ကျေးကော်မရှင်ရော မြို့နယ် ကော်မရှင်ရော ရွေးကောက်ပွဲ ကျင်းပသင့်တယ်လုုိ့ တင်တော့ ပြည်ထောင်စုု ရွေးကောက်ပွဲကော်မရှင်က ကျွန်တော်တိုု့ အောက်ခြေရဲ့ သဘောအတုုိင်းပဲလုုိ့ ကျွန်တော်တိုု့ အဲဒီလိုပဲ ယူဆတယ်လေ”ဟု ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစုုိင်းထွန်းမြက ပြောသည်။

ယမန်နေ့ ကျင်းပသော အစည်းအဝေးတွင် မုုိင်းရှူးမြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ ၄ ခုု တက်ရောက်ခဲ့ပြီး ဝ လစ်ဘရယ်ဒီမုုိကရက်တစ်ဖွံ့ဖြိုးတုုိးတက်ရေးပါတီက တက်ရောက်လာခြင်း မရှိကြောင်း သူက ပြောသည်။

၂၀၁၅ ခုုနှစ် အထွေထွေရွေးကောက်ပွဲတွင် မုုိင်းရှူးမြို့နယ်အတွင်း နယ်မြေအခြေအနေအရ ရွေးကောက်ပွဲ မကျင်းပဘဲ ရွှေ့ဆုုိင်းလုုိက်ရသဖြင့် ယခုု ၂၀၁၇ ခုုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် အဆုုိပါ ကျေးရွာအုုပ်စုု ၃ ခုုတွင် ရွေးကောက်ပွဲ ကျင်းပရန် ကျေးရွာသားများ၊ ရပ်ကျေး ကော်မရှင် အဖွဲ့ခွဲနှင့် ရပ်ကျေးအုုပ်ချုပ်ရေးမှူးတုုိ့ကလည်း ကျင်းပရန် ဆန္ဒ ရှိနေကြသော်လည်း မဲရုံုကုုိမူ လုံုခြံုသည့် နေရာတွင် ရွှေ့၍ ကျင်းပရန် သဘောတူခဲ့ကြသည်ဟုု သူက ဆက်လက် ပြောဆုုိသည်။

၄င်းကျေးရွာအုုပ်စုု ၃ ခုုတွင် မဲရုံုး ၅ ရုံုရှိပြီး မဲဆန္ဒရှင် ၄၀၀၀ ကျော်ရှိကြောင်း သိရသည်။

မုုိင်းရှူးမြို့နယ်တွင် လက်ရှိ အာဏာရ အမျိုးသားဒီမုုိကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုု ကြံ့ခုုိင်ရေးနှင့် ဖြွ့ံဖိုးရေးပါတီ(USDP)၊ ရှမ်းတုုိင်းရင်းသားများ ဒီမုုိကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတုုိင်းရင်းသားများ  ဒီမုုိကရက်တစ်ပါတီနှင့် ဝ လစ်ဘရယ်ဒီမုုိကရက်တစ် ဖွံ့ဖြိုးတုုိးတက်ရေးပါတီတုုိ့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

SSPP/SSA အနေဖြင့် သူတိုု့ ထိန်းချုပ်ရာနယ်မြေအတွင်း ရွေးကောက်ပွဲဖြစ်မြောက်ရန်အတွက် အစိုုးရနှင့် အကောင်းဆုံုး လက်တွဲ လုုပ်ဆောင်ရန် ကြိုးပမ်းမည်ဟုု သဘောထား ထုုတ်ပြန်ထားသည်။ လက်ရှိတွင် SSPP/SSA နှင့် တပ်မတော်တိုု့ တုုိက်ပွဲ ဖြစ်ပွားခြင်း မရှိပေ။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...