မြေမြုပ်မိုင်း၊ စစ်ဘေးဒဏ်တို့ကြောင့် မသန်စွမ်းဖြစ်ရသူများအတွက် လိုအပ်သော ထောက်ပံ့ပေးရန် ရန်ပုံငွေပွဲ ဧပြီတွင် ကျင်းပမည်

မြေမြုပ်မိုင်း၊ စစ်ဘေးဒဏ်တို့ကြောင့် မသန်စွမ်းဖြစ်ရသူများအတွက် လိုအပ်သော ထောက်ပံ့ပေးရန် ရန်ပုံငွေပွဲ ဧပြီတွင် ကျင်းပမည်
by -
မဇ္ဈိမ
မြေမြုပ်မိုင်း၊ စစ်ဘေးဒဏ်နှင့် အကြောင်းအမျိုးအမျိုးကြောင့် မသန်စွမ်းဖြစ်ရသူများအတွက် လိုအပ်သော ခြေတုများ၊ ဝှီးချဲများ ကူညီနိုင်ရန် ရည်ရွယ်၍ ဧပြီ ၁ ရက်၌ အမျိုးသားကဇာတ်ရုံတွင်  မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၏ (၁၅) နှစ်မြောက် နှစ်ပတ်လည် ရန်ပုံငွေပွဲကျင်းပမည်ဟု သိရသည်။

ရန်ပုံငွေပွဲမှ ရရှိလာသော အကျိုးအမြတ်များကို တစ်ကယ်လိုအပ်နေသောသူများကိုသာ ပေးမည်ဖြစ်ပြီး "စာရင်းထဲမှာ ခြေတုလိုတဲ့သူစာရင်း၊ ဝီးချဲလိုတဲ့သူစာရင်းဆိုပြီး နံမည်စာရင်းရှိတယ်။ အဲ့ထဲကမှ ပေးပြီးတဲ့သူတွေ၊ ပစ္စည်းရှိပြီးသားသူတွေကိုမပေးဘဲ လိုအပ်တဲ့သူတွေကိုပဲ စာရှင်းမှာပါရှိတဲ့ အတိုင်း ပေးသွားမှာပါ။" ဟု မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအေးကိုကိုက မဇ္ဈိမသို့ ပြောသည်။

"မသန်စွမ်းအသင်းဝင် တစ်သောင်းလောက်ရှိတဲ့အထဲမှာ ၃ပုံ ၁ပုံက ခြေတုလိုအပ်တယ်။ ဒါပေမယ့် တစ်ထောင်လောက်ကို အဖွဲ့က လှူဒါန်းပြီးပြီဆိုတော့ အခုဆိုရင် လူ နှစ်ထောင်လောက် ခြေတုလိုအပ်တယ်။ ဝှီးချဲလိုတာက ၂၀၀ ကျော်ရှိတယ်။ ချိုင်းထောက်လိုတာက တစ်ရာနီးပါး ရှိတယ်" ဟု ဦးအေးကိုကိုက ထပ်လောင်း ပြောသည်။

မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၏ (၁၅) နှစ်မြောက် နှစ်ပတ်လည် ရန်ပုံငွေပွဲကို ညနေ ၆ နာရီတွင် ဖွင့်ပွဲလုပ်မည်ဖြစ်ပြီး ည ၁၂ခန့်ထိ ကျင်းပမည်ဟု သိရသည်။

၎င်းရန်ပုံငွေပွဲ၌ Stereo နှင့် Mono ဟူ၍ သီချင်းပိုင်းဆိုင်ရာတွင် နှစ်ပိုင်းခွဲခြားထားပြီး Stereo ပိုင်းတွင် မြန်မာပြည်သိန်းတန်၊ ဂျက်မြသောင်း၊ ချမ်းချမ်း၊ မေခလာအစရှိသော တေးသံရှင် ၂၀ကျော် လာရောက်သီဆိုမည်ဖြစ်ပြီး Mono ပိုင်းတွင်လည်း တေးအဆိုရှင် ၁၄ယောက်လောက် ပါဝင်သီဆိုမည် ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...