ဥပဒေနှင့်မညီဘဲ နိုင်ငံသားကဒ်ထုတ်ပေးထားမှုကို စိစစ်ပေးရန် ရက်ရှည်ဆန္ဒဖော်ထုတ်

ဥပဒေနှင့်မညီဘဲ နိုင်ငံသားကဒ်ထုတ်ပေးထားမှုကို စိစစ်ပေးရန် ရက်ရှည်ဆန္ဒဖော်ထုတ်
by -
မဇ္ဈိမ
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ဥပဒေနှင့်မညီဘဲ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ထုတ်ပေးထားသည်ဟုဆိုကာ မတ်လ ၂၀ရက် နံနက် ရ နာရီခန့်ကစတင်ပြီး ရက်ရှည်ဆန္ဒဖော်မှုတစ်ခုကို စစ်တွေမြို့တွင် စတင်လျက်ရှိသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုအား အနောက်တံခါး ကူညီစောင့်ရှောက်မှုအဖွဲ့ (စစ်တွေ)မှ ဦးဆောင်ပြုလုပ်နေခြင်းဖြစ်ကာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့မှ ပူးပေါင်းပါဝင်လျှက်ရှိပြီး စစ်တွေမြို့ဝင်္ကဘာကွင်းတွင် မတ်လ ၂၀ ရက်မှ ၂၂ ရက်အထိ ပြုလုပ်သွားမည်ဟု သိရသည်။

“အခု ကျွန်မတို့ ထိုင်ပြီးတော့ ဆန္ဒဖော်ထုတ်နေကြတယ်။ တရားမဝင်ထုတ်ပေးထားတဲ့ မှတ်ပုံတင်တွေကို ပြန်လည် စိစစ်ပေးဖို့ တောင်းဆိုတယ်။ သူတို့က ဘာမှမလုပ်ပေးဘူးဆိုရင် သံဃာတော်တွေပါ ပါဝင်တဲ့ ဆန္ဒပြပွဲတစ်ရပ်ကို ပြုလုပ်သွားမှာပါ။”ဟု အနောက်တံခါး ကူညီစောင့်ရှောက်မှုအဖွဲ့မှ ပန်းချီရှင်လှ ကပြောသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် နိုင်ငံသားအဖြစ် လိမ်လည်ရယူထားသူများအား အရေးယူအပြစ်ပေးရေး၊ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ချိုးဖောက်သူ ပြည်နယ် လ.ဝ.က အရာရှိ ဦးဝင်းလွင်ကို တရားရုံးတင် စစ်ဆေးပေးရေး၊ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားလျှောက်ထားသူများကို စိစစ်ပေးရေး၊ နိုင်ငံသားစိစစ်ရေးကော်မတီတွင် ဒေသခံတိုင်းရင်းသားလူထုကိုယ်စားလှယ်များ ထည့်သွင်းပေးရေး၊ ရခိုင်အမျိုးသားပါတီ (စစ်တွေ) မှ အမှုဖွင့် တိုင်ကြားထားသော ပြည်နယ် လ.ဝ.က အရာရှိကိစ္စအား တရားဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူပေးရေး၊ ၁၉၈၂ ဥပဒေနှင့်မညီဘဲ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ဘင်္ဂါလီကုလားများအား ထုတ်ပေးထားသည့် ကဒ်များကို ပြန်လည်ဖျက်သိမ်းပေးရေး၊ ဥပဒေနှင့် မညီဘဲနိုင်ငံသား အသိအမှတ်ပြု ကဒ်ပြားများထုတ်ပေးနေခြင်းကို ချက်ချင်းရပ်စဲပေးရေး စသည့်အချက်များကို တောင်းဆိုလျှက်ရှိသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦးစသည့်မြို့နယ် တချို့တို့တွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်းလည်း သိရသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...