ဦးအောင်နိုင်ဦး၏ ငြိမ်းရေးလုပ်ငန်းစဉ်မှ သင်ခန်းစာများ စာအုပ်မိတ်ဆက်ပွဲပြုလုပ်

ဦးအောင်နိုင်ဦး၏ ငြိမ်းရေးလုပ်ငန်းစဉ်မှ သင်ခန်းစာများ စာအုပ်မိတ်ဆက်ပွဲပြုလုပ်
by -
မဇ္ဈိမ
သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်၌ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူ ဦးအောင်နိုင်ဦး၏ "ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှသင်ခန်းစာများ" စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီတွင် ယနေ့(မတ် ၁၆ရက်က) ပြုလုပ်ခဲ့သည်။

ယခုမိတ်ဆက်သည့် စာအုပ်နှင့်ပတ်သက်ပြီး ဦးအောင်နိုင်ဦးက "ဒီစာအုပ်မရေးခင်မှာ ကျွန်တော် ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းရာတွေကို လိုက်ပြီးတော့ မြန်မာပြည်မှာရော နိုင်ငံတကာမှာရော သင်တန်းတွေပေးတာတို့ ရှင်းပြတာတို့လုပ်တာရှိပါတယ်။ အဲ့ဟာကို အခြေခံပြီးရေးထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ အချက်ပေါင်း ၁၂၀ လောက်ပါပါတယ်။" ဟု ရှင်းပြသည်။

ယခုထုတ်ဝေသည့် ဦးအောင်နိုင်ဦး၏ "ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ သင်ခန်းစာများ"စာအုပ်ကို မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) မှ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး (အငြိမ်းစား) က အမှာစာရေးသားပေးထားပြီး ထိုင်းနိုင်ငံတွင် ပရင့်ထုတ်ခြင်းဖြစ်ကြောင်းသိရသည်။

ဦးသိန်းစိန်လက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)၏ ဒုဥက္ကဋ္ဌ ဝန်ကြီး(ဟောင်း) ဦးအောင်မင်းက မြန်မာနိုင်ငံတွင် ယခုကဲ့သို့ မှတ်တမ်းစာအုပ်များ နည်းပါးနေသေးကြောင်း ပြောဆိုသည်။

"ဒါကြောင့် ကျွန်တော်တို့မြန်မာ့ရာဇဝင်မှာပါတဲ့ ဟိုငြင်းကြခုန်ကြပြောကြဆိုကြဆဲဖြစ်တယ် ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ တခြားနိုင်ငံမှာတော့ သမိုင်းကိုသေချာမှတ်တမ်းတင်ထားခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ အဓိကအားဖြင့် လုပ်တဲ့သူတွေမှာလိုအပ်တဲ့အချက် ၃ ချက်ရှိပါတယ်။ ၁ ကတော့ နည်းပညာပဲဖြစ်ပါတယ်။ ၂ ကတော့ အတွေ့အကြံုရှိဖို့လိုပါတယ်။ ၃ ကတော့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့လိုအပ်ပါတယ်။ နည်းပညာပိုင်းကတော့ အခုသင်ခန်းစာတွေ ဖော်ထုတ်တာဟာ နည်းပညာပိုင်းပဲဖြစ်ပါတယ်" ဟု ဦးအောင်မင်းက ပြောသည်။

စာအုပ်မိတ်ဆက်ပွဲကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သူ ဝန်ကြီး(ဟောင်း) ဦးအောင်မင်း၊ လက်ရှိငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ငြိမ်းချမ်းရေးတွင် ပါဝင်ဆောင်ရွက်နေသူများ တတ်ရောက်ခဲ့သည်။

ဦးအောင်နိုင်ဦးသည် ၂၀၁၃ခုနှစ်ကတည်းက ၎င်းပါ၀င်ဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေးဖြစ်စဉ်များထဲက အကြောင်းများကို စာအုပ်အဖြစ်ရေးသားခဲ့သည်။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလက “ငြိမ်းချမ်းရေး လမ်းကြောင်းများ” ( Pathway To Peace ) စာအုပ်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့ဖူးသည်။

ယခုအချိန်တွင် "ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရးစင်တာ" Center for Peace and Reconciliation ၏ ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်လျက်ရှိသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...