တိုင်ကြားစာဆိုင်ရာကော်မတီတွင် အရေးယူခြင်း မပြုသော တိုင်စာ ၁၀ မျိုးရှိ

တိုင်ကြားစာဆိုင်ရာကော်မတီတွင် အရေးယူခြင်း မပြုသော တိုင်စာ ၁၀ မျိုးရှိ
by -
မဇ္ဈိမ
ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီသည် အရေးယူဆောင်ရွက်ခြင်းမပြုသည့် တိုင်စာအမျိုးအစား ၁၀ မျိုးရှိကြောင်း မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးလှမြင့်(ခ)ဦးလှမြင့်သန်း ကပြောသည်။

မတ်လ ၁၄ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ဦးလှမြင့်(ခ)ဦးလှမြင့်သန်း က တိုင်ကြားစာဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ အစိီရင်ခံစာ(၁/၂၀၁၇)ကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာတွင် ပြောခြင်းဖြစ်သည်။

“ကော်မတီကအရေးယူဆောင်ရွက် ခြင်းမပြုတဲ့ တိုင်စာအမျိုးအစား ၁၀ မျိုးကို အသေးစိတ်ဖော်ပြထားပါတယ်”ဟု ၄င်းက ဆိုသည်။

အဆိုပါ ၁၀ မျိုးမှာ  (၁)နိုင်ငံတော်သမ္မတထံလိပ်မူပေးပို့ပြီး ဥက္ကဌ အမျိုးသားလွှတ်တော်၊ ဥက္ကဋ္ဌ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီသို့ မိတ္တူပေးပို့ထားသည့် တိုင်ကြား၊ အသနားခံစာများ (၂) နိုင်ငံတော်သမ္မတနှင့် အခြားဝန်ကြီးဌာနများသို့ တစ်ပြိုင်တည်း လိပ်မူပေးပို့သောစာများ (၃) တရားရုံးတွင် ရင်ဆိုင်နေဆဲ၊ အမှုမပြီးပြတ်သေးသော တိုင်စာ၊အသနားခံစာများ (၄) ကာယကံရှင်က ဥပဒေနှင့်အညီ ကိုယ်တိုင် တရားစွဲဆိုရမည့် ကိုယ်တိုင်ဆောင်ရွက်ရမည့် တိုင်စာ၊ အသနားခံစာများ (၅) တိုင်စာ၊ အသနားခံစာတွင် တိကျခိုင်မာသော အချက်အလက်များမပါရှိခြင်း၊ မရေမရာ ရေးသားထားသည့်စာများ (၆) မိမိတို့စိတ်ထဲတွင် ထင်ရာမြင်ရာ ရေးသားထားသောစာများ ၊ စိတ်မနှံ့သူကဲ့သို့ တောင်စဉ်ရေမရ ရေးသားထားသောစာများ (၇) ပုဂ္ဂိုလ်ရေး တင်ပြစာများ (၈) ပစ်စာများ(တိုင်ကြားသူ လက်မှတ်မပါ၊ အမည်မှတ်ပုံတင်၊ လိပ်စာမပါသော စာများ) (၉)အကြံပြုစာများ (တိုင်ကြား၊ အသနားခံစာမဟုတ်ခြင်း) (၁၀) လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ သို့ လယ်ယာမြေအမှုတွဲများ စိစစ်လွှဲပြောင်းပေးခြင်း စသည်တို့ ပါ၀င်သည်။

ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာေ ကာ်မတီသည် ၁.၁.၂၀၁၆မှ ၃၁.၁.၂၀၁၇အထိ တိုင်ကြားစာပေါင်း ၄၃၇၆ စောင်ရှိပြီး၊ ကော်မတီသို့ တိုက်ရိုက်တင်ပြခြင်းထက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံမှ တစ်ဆင့် လွှဲပြောင်းရရှိသည့် စာများက နှစ်ဆကျော်ပိုများကြောင်း သိရသည်။

တိုင်ကြားစာကော်မတီအနေဖြင့် စီစစ်ပြီး မှန်ကန်မှုရှိပါက ဥပဒေနှင့်အညီဖြစ်ရေး ညှိနှိုင်းပေးခြင်း၊ မှန်ကန်မှုမရှိသောတိုင်စာများကို လိုအပ်သလိုရှင်းလင်းပြန်ကြားပေးခြင်းများ ဆောင်ရွက်နေသည်ဟု ဆိုသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...